တန့်ယန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19 ) အဆုပ်ရောင်ရောဂါ ကာကွယ်တားဆီးရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

တန့်ယန်း  ၃၀   မတ်  

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (COVID-19) အဆုပ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။

 

‌ေ

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းတွင် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့မှ ဝန်ထမ်းများစုပေါင်းကာ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကူညီမှုဖြင့် ဆေးဖျန်း ပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။  

မင်းလွင်ဦး(ပြန်/ဆက်)