တန့်ယန်းမြို့နယ်တွင်  ဒေသထွက်မုန့်နှင့် ယိုစုံလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

တန့်ယန်း  အောက်တိုဘာ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒေသထွက်မုန့်နှင့် ယိုစုံလုပ်နည်းသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လားရှိုးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းနှင့် တန့်ယန်းမြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းတို့က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းဖြစ်သော ဒေသထွက်မုန့်နှင့်ယိုစုံလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အတူ တာဝန်ရှိသူတို့က သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာတို့အား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းဖြစ်သော ဒေသထွက်မုန့်နှင့်ယိုစုံ လုပ်နည်းသင်တန်းသို့ သင်တန်းသူ (၂၀) တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁၀)ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)