တွံတေးမြို့ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တွံတေး စက်တင်ဘာ ၁၅

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စက်မှုဇုန်ပြင်ပ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၊ နေ့စား ဝန်ထမ်းများနှင့် အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်          မြို့နယ်အတွင်းရှိ ငွေစု/ ငွေချေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ ငါးဒိုင်များ၊ ဆန်စက်များ၊ လျှပ်စစ်ရုံး နေ့စားဝန်ထမ်းများ၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အထည်ချုပ်၊ အနှေးယာဉ်ဂိတ်များ၊ စက်မှု/လက်မှုလုပ်သားများ နေ့စားဝန်ထမ်းများ စုစုပေါင်း(၁၂၆၅)ဦး တို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က ယနေနံနက် ၉ နာရီမှ စတင်၍ မွန်းလွဲ ၃ နာရီအထိ(၂၉၄)ဦးကို ထိုးနှံပေးခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

မြို့နယ် ပြန် /ဆက်