တွံတေးမြို့နယ်၌ အသက်( ၈၅ )နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

တွံတေး  ၂၃   စက်တင်ဘာ 


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက်လူမှုပင်စင် ထောaက်ပံ့ငွေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘိုးဘွားရိပ်သာနှင့်ရပ်ကွက်အတွင်းရှိ အဘိုး/အဘွား(၃၁) ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ထိုသို့လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅ )နှစ်အထက် အဘိုး / အဘွားများအား လစဉ်နိုင်ငံတော်မှ သက်ကြီးဘိုးဘွားကူညီစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် (၁)လကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


မျိုးလှိုင် (တွံတေး)