တနင်္သာရီတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

ထားဝယ် ၂၃ စက်တင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အိပ်စက်အနားယူနေထိုင်နိုင်ရန် ဒုစရိုက်မှုများ၊ ခိုး/ ဆိုး/ လုယက်မှုများ၊ အကြမ်းဖက်ကျူးလွန်မှုများ မဖြစ်ပွားစေရေး မြို့နယ်/ရဲစခန်း အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနှင့်ပူးပေါင်းကာ နေ့/ည လှည့်ကင်း/ ရပ်ကင်း/ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင် ယာဉ်များဝင်/ထွက်သွားလာမှုများအား စနစ်တကျပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်မှုများကို ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးများမှ အနီးကပ် လိုက်လံစစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအပေါ် ပြည်သူများလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား