တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၂)သို့ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်

mdn

ထားဝယ်   ဇန်နဝါရီ   ၂၇

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁ /၂၀၂၂) အစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှားစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Dawei Development Public Co., Ltd. က ကွင်းအမှတ် (၁၆၉- A)၊ မောင်းမကန် (A)ကွင်း၊ ဦးပိုင် အမှတ်(၂+၃+၅+၁၈-၁၉+၅/၁၁၆၀) မောင်းမကန်ကျေးရွာ၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ ၆၀ ဒသမ ၄၈ ဧကတွင် ဟိုတယ်နှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းအား လုပ်ငန်းတည်နေရာ တိုးချဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခွင့် ဆောင်ရွက်ခွင့်ပြုရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Petro & Trans Co., Ltd. က ကန်ဘောက်ကျေးရွာ၊ ရေဖြူမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြေဧက ၆ ဒသမ ၄ ဧကပေါ်တွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းအား တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Petro & Trans Co., Ltd. က ကွင်းအမှတ် (၂၄၂-က) ၊ ဦးပိုင်အမှတ်(၂) ကလွင်ကျေးရွာအုပ်စု၊ ရေပုန်းကွင်း၊ မြိတ်မြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧက ၄ ဒသမ ၈၅ ပေါ်တွင် ဆောင်ရွက်မည့် Heavy Fuel Oil (AFO) သုံး အင်ဂျင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းအား တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)