တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

တနင်္သာရီ ၊ ၁၅ ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်၊ ရုံးတောင်လမ်းရှိ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က တနင်္သာရီ​မြို့နယ်ရဲတပ်ဖွဲ့ အသုံးပြုရန်တွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၃)စစ်ဗျူဟာ (ရေဖြူကျေးရွာ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှဇော်ဦး၊​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ ​မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊​မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်မှ တနင်္သာရီ​မြို့နယ်အတွင်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၃)စစ်ဗျူဟာ (ရေဖြူကျေးရွာ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှဇော်ဦးနှင့်​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်တို့က တနင်္သာရီ​မြို့နယ်ရဲတပ်ဖွဲ့တွင် အသုံးပြုရန်အတွက် COVID-19 ရောဂါကာ ကွယ်ရေးအတွက် (PPE) ဝတ်စုံ (၂၀)စုံ၊ အပူချိန်းတိုင်း ကိရိယာ(၁)ခု၊ Enervon-C (၂)ဘူး၊ Hand Gel (၁၀)ဘူး၊ Mask (၅၀၀)ခု၊ လက်အိတ်(၁)ပါကင်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ​မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ​မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)