တနင်္သာရီမြို့၌ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်

တနင်္သာရီ   ဇန်နဝါရီ   ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေစဉ်ကာလအတွင်း  Positive Centre များနှင့် Quarantine Centre ငါးခုတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် Volunteer များ၊ ပရဟိတများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ပေးအပ်ပွဲကို ဇန်နဝါရီ၂၆ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အမှာစကား ပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် Volunteer များ၊ ပရဟိတများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ စုစုပေါင်း ၂၅၅ ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၊ မောတောင်မြို့ တိုက်နယ်ဆရာဝန် ဒေါက်တာသီဟအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး တို့က ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် Positive Centre များနှင့် Quarantine Centre ငါးခု၌ အချိန်ပြည့် တာဝန်ထမ်းဆောင် ခဲ့ကြသော Volunteer ၉၀၊ ပရဟိတအဖွဲ့မှ ၁၃ ဦး၊  ကြက် ခြေနီတပ်ဖွဲ့ဝင် ၁၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၆၆ ဦး၊ ထွေ/အုပ်ဝန်ထမ်း ၃၄ ဦး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၁ ဦး၊ မီးသတ်တပ်ဖွဲ့မှ ငါးဦး၊ မြန်မာနို်ငငံ ရဲတပ်ဖွဲ့မှ ငါးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငါးဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ နှစ်ဦး၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တစ်ဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တစ်ဦး၊ မြို့နယ်အား/ကာမှ တစ်ဦးနှင့် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာမှ တစ်ဦး စုစုပေါင်း ၂၅၅ ဦးတို့အား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဦးလျှင် ဂုဏ်ပြုငွေ ကျပ် ၁၂၀၀၀ ဖြင့် စုစုပေါင်း ၃၀၆၀၀၀၀ ကို ဂုဏ်ပြုထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)