တံမြက်စည်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေရရှိ

မင်းဘူး ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်() ချမ်းသာကြီးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်းအမျိုးမျိုး  လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

မြက်တံမြက်စည်းအမျိုးမျိုး  လုပ်ကိုင်ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျှက်ရှိကြောင်းသိရသည်။

 

တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် မြက်၊ ဝါး၊ လျှော်ကြိုး၊ သံ၊ ကြေးနန်းခွေတို့ဖြင့် ပြုလုပ်ရပြီး မြက်ထုံးများ၊ ဝါးများကို ဂုတ်ကြီး၊ အမ်းမြို့များမှဝယ်ယူအမျိုးသမီးငါးဦး၊ အမျိုးသားငါးဦး တစ်နေကုန်ပြုလုပ်လျှင် တံမြက်စည်းအချောင်းရေ ၁၀၀၀ ကျော်အထိပြီးကြောင်းတံမြက်စည်းလုပ်ငန်းရှင် ဦးမင်ဇော်က ပြောသည်။

 

လုပ်အားခအနေနဲ့ တံမြက်စည်းတစ်ချောင်း ၅၀ ကျပ်နှင့် အချောင်းအရေအတွက်ပေါ် မူတည်ပြီးရရှိသွားကြတယ်။ တံမြက်စည်းရောင်းဈေးကတော့ ဖောက်သည်ဈေး အတိုတစ်ချောင်း ၆၀၀ ကျပ်၊ အရှည် ၇၀၀ ကျပ်၊ လက်လီဈေး အတိုတစ်ချောင်း ၈၀၀ ကျပ်၊ အတို ၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး မင်းဘူးမြို့အနီး ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချသည့်အပြင် အနီးအနားရှိကျေးရွာများကလည်း လာရောက်ဝယ်ယူမှုများရှိကြောင်း တံမြက်စည်း လုပ်ငန်းရှင် ဦးမင်ဇော်ထံမှ သိရသည်။

 

(မင်းဘူး ပြန်/ဆက်)

 

IMG_20200704_080109