တနိုင်း ၂၅ စက်တင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့နံနက်(၃)နာရီမှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း နန်ဖြတ်ယန်ကျေးရွာအနီး မိုင်တိုင် Km-112+500 ရှိ အန်ဂိုးပိုက်အား ရေတိုက်စားခြင်းကြောင့် လမ်းသားပျက်စီးသွားသဖြင့် ယာဉ်များသွားလာမှု ပြတ်တောက်လျက်ရှိပြီး တိန်ကောက်ကျေးရွာအဝင် Km 108+500 တွင်လည်း လမ်းပေါ် အနက်(၃)ပေခန့် ၊အရှည်ပေ(၇၀)ခန့်ရေကျော်နေ၍ ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။
ယာဉ်များသွားလာနိုင်ရေး ဆောင်ရွက်ရန် တနိုင်းမြို့နယ် လမ်းဦးစီးဌာနမှ Loder ယာဉ်၊ မြေသယ် ယာဉ်များ စတင်စေလွှတ်ထားရှိပြီး ယာဉ်များသွားလာမှု ပြတ်တောက်မှု မရှိစေရေး ပျက်စီးသွားသော လမ်းပိုင်းအား အမြန်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင် လမ်း တိန်ကောက် ကျေးရွာအဝင် မိုင်တိုင်အမှတ် KM-108+500နှင့် KM -109ကြားတွင် အကျယ်ပေ (၃၀ဝ)ခန့်၊ အနက်(၃)ပေခန့်၊ မိုင်တိုင်အမှတ် KM-109 နှင့် KM-110+500 ကြားတွင် အကျယ်ပေ (၂၀ဝ) အနက် (၂)ပေခွဲခန့်၊ နန်ဖျက်ယန်ကျေးရွာအထွက် မိုင်တိုင်အမှတ်KM-112နှင့်KM-113ကြားတွင် အကျယ်ပေ (၆၀)ခန့်၊ အနက်(၃)ပေခန့်၊ ကောင်ရာကျေးရွာအထွက် မိုင်တိုင်အမှတ် KM-119 နှင့် KM-120 ကြားတွင် အကျယ်ပေ (၂၀ဝ)ခန့်၊ အနက်(၁)ပေခွဲခန့် လမ်းရေကျော်မှုများ ထပ်မံဖြစ်ပွားလျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် လမ်းကြောင်း ခေတ္တယာယီ ပြတ်တောက် လျက်ရှိကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)