တနိုင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနိုင်း ၇ ဇွန်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တနိုင်းမြို့ပေါ် ရပ်ကွက်နှင့် မ‌‌ကောကျေးရွာအုပ်စုအတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇာ်ဝင်း၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်တို့သည် မြန်မာဟူးကောင်းစတားကုမ္ပဏီမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၀၃.၆၈၀)ဖြင့် တာဝန်ယူဆောင်ရွက်နေသော အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာ (၆)ခန်းတွဲ (၁)ထပ် (၁၀၈×၃၂×၁၁)ပေရှိ RRC (၁)လုံးဆောက်လုပ်နေမှုအားလည်ကောင်း၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၆.၅၂၀) ဖြင့် လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန၏ အမှုတွဲခန်း သွပ်မိုး RC (၁)ထပ်(မီးပါ) ဆောက်လုပ်နေမှုအားလည်းကောင်း၊ တနိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သန်း (၂၀၄.၇၀ဝ)ဖြင့် ဆောက်လုပ်လျက်ရှိသော တနိုင်းမြို့၊ ဗိုလ်တေဇလမ်း၊ ပုန်ခုန်းရပ်ကွက်နှင့် ပုန်ခုန်းကျွန်းသစ်သို့ ဆက်သွယ်ထားသော သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း (၂၄၃.၆၀ဝ)ဖြင့် ဆိုင်းမိုင်ကုမ္ပဏီ မှတာဝန်ယူဆောင်ရွက်နေသည့် အထက(၁)-တနိုင်းရှိ ၂ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၂၆.၂၀ဝ)ဖြင့် ZH ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် အထက(၂)-တနိုင်းရှိ (၂)ထပ် ကျောင်းဆောင်သစ် တည်ဆောက်နေမှုများအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၈၃.၅၀ဝ)ဖြင့် စိန်ပန်းရိပ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ်အားကစားခန်းမဆောက်လုပ်နေမှု၊ (၁၂၀×၉၀×၃၆)ပေ  Steel Structure တည်ဆောက်မှုနှင့် အားကစားကွင်း ဂိုးတိုင်အသစ် လဲလှယ်ခြင်းနှင့် ဂိုင်းတိုင်စကိုးလ်ဘုတ်တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)

 

mdn