နေပြည်တော် ၁၇ မတ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၆၃ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၇၈ ခုတွင် ဖြေဆိုသူပေါင်း ၇၅၀၉၆၈ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၇၅၀၉၆၈ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၆၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၃ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၆၅ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၁၁ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်