တက်ကြွအားမာန် မြန်မာ့ရုပ်သံ

အေးသင်းရီ

 

တိုးတက်မြင့်မားလာသည့် နေ့စဉ်ဘဝတွင် သတင်းအချက်အလက်များရယူခြင်း၊ ပညာရပ်ဆိုင်ရာများ ဆည်းပူးခြင်းနှင့် ဖျော်ဖြေခြင်းတို့သည် လူသားတို့ လက်တစ်ကမ်းတွင် လွယ်လင့်တကူရှိနေသည်။ များပြားလှသည့် ရုပ်သံဖျော်ဖြေမှုများအကြား ပြည်သူ့အတွက် အမြဲတင်ဆက်ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်လည်း အပါအဝင်ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် တစ်ရက်ထက်တစ်ရက် မရိုးနိုင်သည့် အစီအစဉ်တင်ဆက်မှုများဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)သည် ပြည်သူအတွက် အားမာန်အပြည့်ဖြင့် ခရီးဆက်နေခဲ့သည်။

 

သတင်းနှင့်ရုပ်မြင်သံကြား မှတ်တမ်းတင် အစီအစဉ်များ၊ ဗဟုသုတနှင့် ပညာရရှိစေသည့် အစီအစဉ်များ၊ ပြည်သူများ၏ လူမှုဘဝရှင်သန် ရပ်တည်ရသည့်နေ့ရက်များအတွက် အပန်းဖြေဖျော်ဖြေရေးအစီအစဉ်များကို ကဏ္ဍပေါင်း များစွာဖြင့် ကြိုးစားတင်ဆက်ပေးနေသည်မှာ လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပင် ဖြစ်ပါသည်။

 

ပြည်သူထံအသုံးတော်ခံလျက်ရှိ

 

သတင်းအမှန် ပြန်ကြားပေးရန်အတွက် အစီအစဉ်များ၏ ၄၅ ရာခိုင်နှုန်းကို လည်းကောင်း၊ ပညာပေးရန် လေ့လာမှတ်သားရန်နှင့် လူမှုစီးပွား များအတွက် ဆောင်ရန်ရှောင်ရန် အစီအစဉ်များ အတွက် အစီအစဉ်များ၏ ၂၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ပြည်သူတို့၏ အမောများကို တဒင်္ဂသက်သာစေရန် ဖျော်ဖြေပေးမှုကို ၃၅ ရာခိုင်နှုန်းအထိလည်းကောင်း တင်ဆက်ပေး နေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နေ့စဉ် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ပြည်သူထံ အသုံးတော်ခံလျက်ရှိသည်။

 

ပြည်သူ့အစိုးရတာဝန်ယူသည့် သက်တမ်းသည် သုံးနှစ်တာကာလကို ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာနအောက်တွင် ပြည်သူအတွက် အားမာန်အပြည့်ဖြင့် သုတ ရသစုံပေးစွမ်းခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသည်လည်း အစိုးရသက်တမ်း တတိယ တစ်နှစ်တာအတွင်း တိုးတက်ပြောင်းလဲမှုများစွာ ကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ သတင်းနှင့် ရုပ်မြင်သံကြားမှတ်တမ်းတင် အစီအစဉ်များ၊ ပညာပေးအစီအစဉ်များ၊ ဖျော်ဖြေ ပေးရေး အစီအစဉ်များကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပမှ ပရိသတ်များအတွက် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို သိရှိနိုင်စေရန် အစီအစဉ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပရိသတ်များ သိရှိလေ့လာ မှတ်သားနိုင်စေရန် အစီအစဉ်များ၊ လေးစား အတုယူဖွယ် လူပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများ ကို ရိုက်ကူးထုတ်လွှင့်နိုင်ခဲ့သည့်အတွက် အားပေးမှုများစွာ ရရှိခဲ့သည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နေ့စဉ် အစီအစဉ်များအား ရုပ်သံလိုင်းများမှ တင်ဆက်မှု  အပြင် MRTV Webportal နှင့် Facebookတို့မှတစ်ဆင့် သတင်းနှင့် ကြေညာချက်များ၊ အစီအစဉ်များကို လွှင့်တင်လျက် ရှိခြင်းကြောင့် မြန်မာ့သတင်းများ၊ ဖျော်ဖြေရေးများနှင့် ပညာပေး အစီအစဉ်ပေါင်းများစွာကို တစ်ကမ္ဘာလုံးက လွယ်လင့်တကူ ကြည့်ရှုအားပေးနိုင်ပြီဖြစ်ပါသည်။

 

စုစည်းတင်ဆက်ပြသပေး

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နံနက် ၇ နာရီမှ ည ၈ နာရီအတွင်း သတင်းတိုက်ရိုက်ထုတ်လွှင့်ချိန် (၈)ကြိမ်ဖြင့် ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း လွှတ်တော်သတင်းနှင့် မိုးလေဝသအခြေအနေ စသည်ဖြင့် ကဏ္ဍစုံမှ သတင်းများကို မြန်မာ့သတင်းစဉ်၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပြည်နယ် (၇)ခုရှိ သတင်းဗျူရိုများမှ သတင်းရယူလျက် ပြည်သူများ သိရှိစေရန် စုစည်းတင်ဆက် ပြသပေးနေခြင်း ဖြစ်သည်။

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ပေးပို့သည့် မိုးလေ၀သခန့်မှန်းချက်များနှင့် နိုင်ငံတကာမိုးလေဝသ Website များမှ ခန့်မှန်း ချက်များရယူ၍ ရိုက်ကူးထုတ်လွှင့်ခြင်း၊ နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် CCTV,Dw, NHK တို့မှ သတင်းများကို ရယူဘာသာပြန်ဆိုခြင်း၊ ရန်ကုန် Stock Exchange မှ ရှယ်ယာဈေးနှုန်း များ၊ ဗဟိုဘဏ်မှ ငွေကြေးလဲလှယ်နှုန်းများကို ရယူဖော်ပြခြင်း၊ နေ့စဉ် လယ်ယာထွက်ကုန် သီးနှံ ဈေးနှုန်းသတင်းတို့ကို AMIA မှ ဝယ်ယူဖော်ပြ ခြင်းတို့ဖြင့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ကာ ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ရာသီဥတုအရေးနှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေးတို့တွင် သတင်းသိရှိပိုင်ခွင့်ကို ပိုမို ပေါ်လွင်အောင် ကြိုးပမ်းလျက်ရှိသည်။

 

သတင်းနှင့် ဆက်စပ်အစီအစဉ်များအဖြစ် လူမှုစီးပွားအစီအစဉ်၊ မျက်မှောက်ရေးရာအဖြာဖြာ အစီအစဉ်၊ Weekly Sport Sport Review အစီအစဉ်တို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ပရိသတ်များ ပိုမိုအားပေးကြည့်ရှုမှုကို ရရှိခဲ့သည်။

 

ဝယ်ယူအသုံးပြု

 

Mizzima Mediaမှ မြန်မာ့အသိုက်အဝန်း ထဲမှ မြန်မာအမျိုးသမီးများ၊ ရသများဖြင့် ခရီးသွား G8rs983209ı Myanmar Cable Network မှ လူငယ်အစီအစဉ်၊ အလုပ်သမားနှင့် အလုပ် အကိုင်အခွင့်အလမ်းအစီအစဉ်၊ မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်၊ မြစ်မခမီဒီယာမှ ပတ်ဝန်းကျင်မှ သင်ယူခြင်း၊ စာတတ်ဖို့၊ ဝင်ငွေကောင်းဖို့၊ ကျန်းမာဖို့အစီအစဉ်တို့ကို ထုတ်လုပ်မှုစရိတ် ပေးချေဝယ်ယူကာ အသုံးပြုလျက်ရှိသည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် MRTV Multi Channel Play Out System တွင် DVB-T2 စနစ်ဖြင့် ရုပ်သံလိုင်း (၅)လိုင်းအား ထည့်သွင်းနိုင်ရေး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ Mizzima  Channel ကို ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်တွင် လည်းကောင်း၊ DVB Channel ကို ၂၀၁၈ ခုနှစ် ဧပြီ ၂၁ ရက်တွင် လည်းကောင်း၊ Channel K ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် လည်းကောင်း၊ YTV Channel ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် လည်းကောင်း၊ Fortune TV Channel ကို ၂၀၁၉ ခုနှစ် မတ် ၁၃ ရက်တွင် လည်းကောင်း ထုတ်လွှင့်နိုင်ခဲ့ပြီ ဖြစ်သည်။

 

MRTVနှင့် အကျိုးတူဆောင်ရွက်နေသည့် ကုမ္ပဏီများမှ Analogue စနစ်၊ DVB T-2 စနစ်၊ DTH စနစ်တို့ဖြင့် Free to Air Channel များ Pay TV များ ထုတ်လွှင့်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သတင်း၊ ရသ၊ ဗဟုသုတများ ပါဝင်သည့်ရသစုံ TV Charrel များကို မိမိနှစ်သက်သလို ရွေးချယ်ကြည့်ရှုနိုင် မည်ဖြစ်သည်။

 

နိုင်ငံတော်အခမ်းအနားများကိုတိုက်ရိုက်သဖွယ် ရှုမြင်နိုင်

 

 MRTV အနေဖြင့် နိုင်ငံတော်၏ နိုင်ငံတော်အဆင့် အခမ်းအနားများကို တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် လူငယ်များ၏ စကားဝိုင်း၊ Peace Talk စကားဝိုင်းများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်း အဝေးစသည့် နိုင်ငံတော်အဆင့် အခမ်းအနား များကို တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ခဲ့သဖြင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့် အာသီသကို ပြည့်ဝစေနိုင်ခဲ့သည်။

 

ထို့အတူ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအတွက် အရေးကြီးသည့် အထိမ်းအမှတ် နေ့ထူးနေ့ရက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၏ အခမ်းအနားများကိုလည်း ဒေသ အသီးသီးသို့ အရောက်သွားကာ ကျင်းပပုံ မြင်ကွင်းများ၊ မြို့တော်အသီးသီး၊ ကျေးလက် ဒေသအသီးသီး၏ သဘာဝအလှတရားများကို တိုက်ရိုက်ကြည့်ရှု ခံစားနိုင်ရန် ကျင်းပပေး နိုင်ခဲ့သည်။

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ MICC-2 တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် စာတတ် သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့ အသံလှူဒါန်းနိုင်ရန် MRTV က အသံလုံခန်းများနှင့် အသံသွင်းယူ ခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC)

 

MRTV ၏ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) မှ တိုင်းရင်းသား ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်း -အနောက် ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ ရှမ်း၊ မွန်၊ ရခိုင် နှင့်” (၁၁)ဘာသာဖြင့် တိုင်းရင်းသားလူမျိုးများ၏ သတင်းများကိုလည်း ဒေသခံတိုင်းရင်းသားများအတွက် ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိသည်။

 

တတိယ (၁)နှစ်တာ ကာလအတွင်း တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ကဏ္ဍ ကျယ်ပြန့်စွာတိုးတက်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ နှင့် ပူးပေါင်းကာ ဘာသာစကားအသုံးအနှုန်းများ မှန်ကန်ရေးအတွက် သင်တန်းများပို့ချပေးခြင်း အပြင် တိုင်းရင်းသားများ၏ စိတ်ဝင်စားဖွယ် မကောင်းသည့် တိုင်းရင်းသားဝတ်စားဆင်ယင်မှု ဆိုင်ရာ အစီအစဉ်ကောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာအလိုက် ထုတ်လွှင့်တင်ဆက်ပေးနိုင်ခဲ့သည်။ ထို့ပြင် တိုင်းရင်းသား (၁၁)ဘာသာ၏ (၁၂)လရာသီပွဲတော်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို MRTV နှင့် NRC ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးနိုင်ခဲ့ ခြင်းသည် ရုပ်မြင်သံကြား ပရိသတ်များအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပေးအပ်သည့် အကောင်းဆုံးလက်ဆောင်မွန်များ ဖြစ်ခဲ့သည်။

 

ပညာပေးရုပ်သံဇာတ်လမ်းတွဲ

 

အသိပညာပေး အစီအစဉ်များအဖြစ် MRTV နှင့် ပြင်ပအဖွဲ့ အစည်း ဖြစ်သည့် Search For Common Ground (SFCG) နှင့် ပူးပေါင်းကာ အပ်ဖျားတစ်ထောက်အမည်ရှိ မူးယစ်အန္တရာယ် ပညာပေးရုပ်သံ ဇာတ်လမ်းတွဲ၊ အိုးစည်မီဒီယာမှ ရိုက်ကူးထုတ်လွှင့်သည့် Agri Business Focus အစီအစဉ်၊ ဒါရိုက်တာ အေဝမ်းသန်းထွဋ်၏ ကြည့်ရှုခံစားကျေးလက်ဇာတ်လမ်းတို့ကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ တောင်သူလယ်သမား ရုပ်သံလိုင်း (Farmer Channel) မှ ထုတ်လွှင့်ပြသနိုင်ခဲ့သည်။

 

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၊ ဥပဒေနှင့်အညီရှင်းဆောင်ရွက်ပေးနေမှုများ၊ အထောက် အပံ့ အကူအညီများ ပေးအပ်နေမှုတို့ကို အများပြည်သူများ သိရှိစေရန် သတင်းအဖွဲ့ သွားရောက်အခြေစိုက် သတင်းရယူ ထုတ်လွှင့် ပေးလျက်ရှိသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်နေမှု များကိုဒေသတွင်းနေထိုင်သူများ သိရှိနိုင်စေရေးအတွက် မေယု FM ရေဒီယိုလိုင်းအား၁-၂-၂၀၁၇ ရက်နေ့မှ စ၍ ဗမာ ရခိုင် ဘင်္ဂါလီ ဘာသာစကား များဖြင့် စမ်းသပ်ထုတ်လွှင့်ခဲ့ရာ ယခုအခါ တစ်ဘာသာလျှင် ၁ နာရီနှုန်းဖြင့် နံနက်ပိုင်းတွင် ၂ ကြိမ်၊ အစီအစဉ်သစ်ဖြင့် ညပိုင်းတွင် (၂)ကြိမ် ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ အချိန်နှင့် တစ်ပြေးညီ လွှင့်တင်နေမှုများကို ပိုမိုကျယ်ပြန့်စွာ နားသောတဆင်နိုင်ရန်အတွက်လည်း MRTV မှ FM Radio အလုံး ၆၇၇ဝဝ ကို ရခိုင်ပြည်နယ် အစိုးရသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

လူထုရေဒီယို ခရေ FM”

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရေဒီယို ကဏ္ဍတွင် မြန်မာ့အသံနှင့် DW Akadermine တို့အကြား ထန်းတပင် လူထုရေဒီယို ခရေ FM” နှင့် BBC မြန်မာပိုင်းအစီအစဉ်မှ အင်္ဂလိပ် သင်ခန်းစာအစီအစဉ်များကို တတိယ(၁)နှစ်တာ ကာလအတွင်း စတင်ထုတ်လွှင့်နိုင်ခဲ့သည်။

 

ပြည်သူများ သတင်းရရှိပိုင်ခွင့် ပိုမိုရရှိစေရန် အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အစီအစဉ်ဖြစ်သည့် မုသားနောက်ကွယ်က ဘဝများအစီအစဉ်၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အစီအစဉ်ဖြစ်သည့် အနာဂတ်များလှစေချင်အစီအစဉ်တို့ကို တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့သည့်အပြင် Upgrade Music & Art နှင့်  ပူးပေါင်း၍ တေးဂီတဆိုင်ရာကဏ္ဍအဖြစ် Online မှ ပါဝင် ယှဉ်ပြိုင်နိုင်သည့် “Music Talent” အစီအစဉ်ကို အစိုးရသစ်ဖြတ်သန်းမှု တတိယ(၁)နှစ်တာအတွင်း အောင်မြင်စွာတင်ဆက်နိုင်ခဲ့သည်။

 

ထို့ပြင် BBC Media Action နှင့် ပူးပေါင်း ၍ အပိုင်း (၃၂)ပိုင်းပါဝင်သည့် လက်ဖက်ရည် တစ်ခွက်ရဲ့ ဒိုင်ယာရီအစီအစဉ်နှင့် ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ရေကြည်ရာအစီအစဉ် တို့ကို ထုတ်လွှင့်လျက်ရှိသည့်အပြင် SFCh နှင့် ပူးပေါင်း၍လည်း လူငယ်နှင့် မူးယစ်ဆေးအသိပညာပေးအစီအစဉ် အပိုင်း (၁၂)ပိုင်းကို လည်း ထုတ်လွှင့်လျက်ရှိရာ လူငယ်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာရစေ မည့် အစီအစဉ်သစ်များပင် ဖြစ်သည်။

 

တွေ့ရမှာပေါ့ ကိုပြာသို

 

Internews နှင့် ပူးပေါင်း၍ ပြည်သူများ စီးပွားရေးနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်တင်ဆက် သည့် မျှဝေခံစားလူမှုစီးပွားအစီအစဉ်၊ လူမှုကူညီရေးအဖွဲ့ဖြစ်သည့် Samaritan's Purse နှင့် ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးရေးနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိ ပညာပေးအစီအစဉ်ဖြစ်သည့် တွေ့ရမှာပေါ့ ကိုပြာသိုရေဒီယိုဇာတ်လမ်းတွဲတို့ကို ထုတ်လွှင့် လျက်ရှိသည်။

 

သောတရှင်များ အချင်းချင်းအကြား၊ သောတရှင်များနှင့် မြန်မာ့အသံဝန်ထမ်းများ အကြား ရင်းနှီးခင်မင်စွာ အဆက်အသွယ်များ ရရှိနိုင်စေရန်နှင့် မြန်မာ့အသံနှင့် ပြည်သူများ အကြား ယုံကြည်မှုပိုမိုခိုင်မာလာစေရန် ရည်ရွယ် ပြီး မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားများကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တို့တွင် ကျင်းပခဲ့သည်။

 

အင်္ဂလိပ်ပိုင်းအစီအစဉ်

 

အင်္ဂလိပ်ပိုင်းအစီအစဉ်တွင် City Beat အစီအစဉ်၊ Wonderful ASEAN အစီအစဉ် နှင့် ASEAN Journey အစီအစဉ်တို့ကို တိုးချဲ့ ထုတ်လွှင့်နိုင်ခဲ့သည့်အပြင် ဖျော်ဖြေရေးအစီအစဉ် သစ်များအနေဖြင့် “Cover Song” Entertainment Show. Variation on a tune ASEAN Flok Talks နှင့် Movie Song Tracks အစီအစဉ်များကိုလည်း မြန်မာ့အသံမှတိုးချဲ့ထုတ်လွှင့်ခဲ့သည်။ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသည် ဂျပန်အစိုးရ၏ ကူညီ ထောက်ပံ့မှုဖြင့် JICA နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး JICAမှ အဆိုပြုသည့် ဘဝထဲက စကားလုံးများတိုက်ရိုက် (live) အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်မှစ၍ ရေဒီယိုမှ ထုတ်လွှင့်ခဲ့သည်။

 

MRTVနှင့် JICA (JCC)တို့ ပူးပေါင်း၍ စိုက်ပျိုးဖြစ်ထွန်းနေသော အာဟာရပြည့်ဝတဲ့ ဂျပန်ဆန်အစီအစဉ် ကျွန်တော်ချစ်သောအော်ဂဲနစ်အစီအစဉ်၊ ပထမဆုံး GAP လက်မှတ်ရ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအစီအစဉ်နှင့် အောင်မြင်ထူးခြား Green Tea တောင်သူရဲ့ စွမ်းအားအစီအစဉ်များကိုလည်း ထုတ်လွှင့်ပေးလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့် စိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်ကြသူများအားလုံး အကျိုး ဖြစ်ထွန်းစေနိုင်မည် ဖြစ်ပါသည်။

 

တေးဂီတဌာနခွဲ

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တေးဂီတဌာနခွဲမှလည်း တတိယ(၁)နှစ်တာကာလအတွင်း တေးဂီတစိစစ်ရေး လုပ်ငန်းများ၊ အသံသွင်းခြင်းလုပ်ငန်းများ၊ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ နေ့ကြီးရက်ကြီးများနှင့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဧည့်ခံဖျော်ဖြေပေးခြင်း၊ နှစ်စဉ် သင်္ကြန် TV Program များ ရိုက်ကူးပေးခြင်း၊ Radio Fan Club ဖျော်ဖြေပွဲများတွင် ပါဝင်တီးခတ်ရခြင်း၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်) ၌ (၃)လလျှင် တစ်ကြိမ် ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရအဆိုရှင်များနှင့် ဝန်ထမ်းအဆိုရှင်များ ခေတ်ပေါ်တေးဂီတ တီးဝိုင်း နှင့်အတူ ပါဝင်သီဆိုဖျော်ဖြေခြင်း၊ ကလေးစာပေ ပွဲတော်များတွင်လည်း ပါဝင်ဖြည့်ဆည်းဆောင်ရွက် ခြင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များ အတွက် နိုင်ငံတော်သီချင်းနှင့် စံတော်ချိန်တီးလုံး များကို တီးခတ်ဖြည့်ဆည်း ထုတ်လုပ်ပေးခြင်း၊ TV programRadio၊ ရုပ်မြင်သံကြား အတွက် လိုအပ်သော တေးဂီတပိုင်းဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်ပေးခြင်း၊ ပြင်ပကာလပေါ် တီးဝိုင်း များ အသံသွင်းခွင့်ရရှိရန် တေးသီချင်းစာသားများ စိစစ်ခြင်းနှင့် လိုအပ်ပါက တူရိယာပစ္စည်းများ ငှားရမ်းပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မဟာဂီတ မပျောက်ပျက်အောင်ထိန်းသိမ်း

 

နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့် သီချင်းကြီး ဌာနစိတ်သည် မဟာဂီတတေးစိစစ်ရေး ဘုတ်အဖွဲ့ဝင်များနှင့် တွဲဖက်ပြီး အပတ်စဉ် အသံလွှင့်မည့် သီချင်းကြီးကဏ္ဍ၊ တေးသံစုံမှအစ သီချင်းများကို ရွေးချယ်၍ဘုတ်ဖြင့်စစ်ဆေးခြင်း၊ ရုပ်မြင်သံကြား ရိုက်ကူးရန် အကပဒေသာ၊ ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲဆုရတေးများ၊ ပြဋ္ဌာန်းတေး များကို စိစစ်ပေးခြင်း၊ သက်ရှိထင်ရှား၊ အနုပညာရှင် များကို ဆက်သွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ကျင်းပသည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ကာလပေါ် ဝိုင်းများအတွက် အသံသွင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းနှင့် နိုင်ငံခြားမှ လာရောက်ဖျော်သည့် ပွဲများတွင် မြန်မာ့ရိုးရာတေးသီချင်းများဖြင့် ပူးပေါင်းပါဝင် ဖျော်ခြင်း၊ တူရိယာတစ်မျိုးချင်း ကဏ္ဍ အလိုက် ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်ခြင်း၊ အသံလွင့်ခြင်း၊ နိုင်ငံတော်အဆင့် အခမ်းအနား တွင် နိုင်ငံတော်ဆိုင်းဝိုင်းကြီးဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သည်။

 

နိုင်ငံတော်သံစုံတီးဝိုင်းဌာနစိတ်

 

နိုင်ငံတော် သံစုံတီးဝိုင်းဌာနစိတ်က နိုင်ငံတော်အခမ်းအနားကြီးများ၊ နိုင်ငံခြား ဧည့်သည်တော်များအတွက် ဂုဏ်ပြုည့်ခံပွဲ များနှင့် နိုင်ငံတကာအဆင့်ရှိ တေးဂီတဖျော်ဖြေ ပွဲများ တင်ဆက်ဖျော်ဖြေခြင်းတို့ ဆောင်ရွက် လျက်ရှိသည့်အပြင် နိုင်ငံခြားမှ ကျွမ်းကျင်သူ ပညာရှင်များနှင့် ပူးပေါင်းဖျော်ဖြေပွဲများကို နှစ်စဉ် ရန်ကုန်မြို့၊ နေပြည်တော်နှင့် မန္တလေးမြို့ များတွင် ကျင်းပပြုလုပ်နိုင်ခဲ့သည်။

 

များပြားလှသည့် အစီအစဉ်များအကြား ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသည် ပြည်သူအတွက် သတင်းအချက်အလက် နည်းပညာများစွာ၊ ဝန်ထမ်းများ၏ ကြိုးပမ်းမှုများစွာတို့ဖြင့် အသစ် အသစ်သော အစီအစဉ်ကောင်းများကို ပြည်သူ များထံမှောက် အရောက်ပို့ဆောင်ပေးနေခြင်း ဖြစ်ပါသည်။ အစိုးရသစ်၏ တတိယ(၁)နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ လှုပ်ရှားမှုပုံရိပ်များကို ကဏ္ဍပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာ ရှင်များ၏ သဘောထားအမြင်များ ထင်ဟပ်စေ လျက် မကြာမီကာလအတွင်း စတင်ထုတ်လွှင့် ပြသတော့မည်ဖြစ်ပါသည်။

 

ပြည်သူများ၏ နေ့စဉ်လူမှုဘဝများအတွင်း ကြုံတွေ့နေကြရသည့် အခက်အခဲများ၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော် အသီးသီးမှ ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ် များ၏ ကြိုးပမ်းမှုများအပြင် ပြည်သူများ အပန်းပြေကြည့်ရှုခံစားနိုင်စေရန်အတွက် ကဏ္ဍ ပေါင်းများစွာ၊ အစီအစဉ်ပေါင်းများစွာဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ သည် အားမာန်အပြည့်ဖြင့် ဆက်လက်၍ ပြည်သူ ကို ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။