တိုင်းရင်းသားရေးရာ (Ethnics Affairs) ဂျာနယ် အမှတ် (၄)စတင်ဖြန့်ချိ

၁၆ စက်တင်ဘာ

 

မြန်မာရေးရာလေ့လာရေးအဖွဲ့ (Center for Myanmar Affairs Studies)  က စီစဉ်ထုတ်ဝေသော တိုင်းရင်းသားရေးရာ (Ethnics Affairs) ဂျာနယ်အမှတ် (၄) (စက်တင်ဘာ ၂၀၁၉) ထွက်ရှိလာပါသည်။

 


အမှတ် ၄ စာစောင်တွင် တိုင်းရင်းသားယဉ်ကျေးမှုဖွံ့ဖြိုးရေး၊ အောက်ချင်းငှက် တေးသံ၊ လုံယူးပွဲတော်၊ အာခါတိုင်းရင်းသား တစေ့တစောင်း၊ အင်းလေးကန် လူပျို လှည့်တေးကဗျာများ၊ နာဂသွေးချင်းတို့၏ စာမဲ့စိတ်မှတ် ၁၂လ ပြက္ခဒိန်၊ ကောက် သစ်ပွဲ၊ ရခိုင့်ဒေသစကား၊ ရွှီးပန်း တူ-ငွီပန်းပြောက်၊ ကရင်ဒုံးအက၊ ဖားစည်၊ ခမ်းတီးလုံ ဒေသသမိုင်း၊ မြန်မာတိုင်းရင်းသားများ၊ ရှမ်းပြည်နယ်၏နယ်၊ မြို့၊ ကျေးရွာများ ရှေးအကြောင်း၊ ပြည်ထောင်စုကလေးတက္ကသိုလ်၊ ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင် ဦးဇန်ထာဆင် (၁၉၂၀-၁၉၇၀) စသည့် ဆောင်းပါးများ ပါဝင်သည်။

 


စာရေးသူများအဖြစ် မင်းနိုင်၊ ဒဂုန်တာရာ၊ ရမ်ဝမ်ပန်း၊ ဝင်အားလယ်(ဓာတု)၊ မောင်သန္တာ(ရှမ်းပြည်)၊ မောင်ကြော့ဦး၊ ဦးတင်လှ၊ ဒေါ်ခင်စောနှစ်၊ ဒေါက်တာ သန်းထွန်း၊ တင်အေး(ရှမ်းပြည် မောင်ဇေယျာ၊ သိန်းသန်းထွန်းနှင့် မီမီလွင်တို့ ပါဝင်ရေးသားထားကြသည်။

 


မြန်မာရေးရာလေ့လာရေးအဖွဲ့က တိုင်းရင်းသားရေးရာ (Ethnics Affairs)ဂျာနယ်ကို အမှတ်-၁မှစ၍ လေးလတစ်ကြိမ် ပုံမှန်ထုတ်ဝေလျက်ရှိပြီး၊ နယ်ကိုယ်စား လှယ်များ၊ စာအုပ်ဆိုင်များနှင့် တစ်ဦးချင်းမှာယူလိုသူများအတွက် တိုင်းရင်းသား ရေးရာ (Ethnics Affairs) ဂျာနယ်အမှတ်-၄ကို ဓူဝံစာပေ၊ အမှတ် ၂၁၂၊ ၃၁လမ်း(အထက်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်သို့မှာ ယူနိုင်ပါသည်။နယ်မှတစ်ဦးချင်းမှာယူ လိုသူများအတွက် စာတိုက်မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် နေ့ချင်းအရောက် ပေးပို့သွားမည်ဖြစ်ပါသည်။

 

 

မြန်မာရေးရာလေ့လာရေးအဖွဲ့ ဖုန်း-ဝ၁၈-၃၈၇၅၆၈ 
ဓူဝံစာပေ ဖုန်း-ဝ၁-၃၈၅၅၉၇၊ ဝ၉-၇၃၂၀၃၀၃၂  
Email:[email protected]