တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

နေပြည်တော် ၂၄ နိုဝင်ဘာ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း(NRC)တွင် ပါဝင်သည့် ရှမ်း၊ “ဝ”၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုင်းကရင်၊ အရှေ့ပိုင်းကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင် ဘာသာအစီအစဉ်များ ထုတ်လွှင့်မှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ နေ့စဉ် နံနက်  ၆ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။

ယခုအခါ ရုပ်သံလိုင်း ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှစ၍  ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ “ဝ” ဘာသာအစီအစဉ်ကို နံနက် ၆ နာရီမှ ၈ နာရီအထိ လည်းကောင်း၊ ကချင်ဘာသာ အစီအစဉ်ကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ လည်းကောင်း၊  ကယားဘာသာအစီအစဉ်ကို နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း၊ စကောကရင် ဘာသာအစီအစဉ်ကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ လည်း ကောင်း၊  အနောက်ပိုး ကရင်ဘာသာ အစီအစဉ်ကို မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်ကို မွန်းလွဲ ၂ နာရီ မှ ၃ နာရီအထိ လည်းကောင်း၊ ချင်း (လိုင်ဇိုး)ဘာသာ အစီအစဉ်ကို မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း၊ ချင်း(ချိုး)ဘာသာ အစီအစဉ်ကို ညနေ ၄ နာရီမှ ၅ နာရီအထိ လည်းကောင်း၊ မွန်ဘာသာ အစီအစဉ်ကို ညနေ ၅ နာရီမှ ည ၇ နာရီအထိ လည်းကောင်း၊ ရခိုင်ဘာသာအစီအစဉ်ကို ည ၇ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ ရှမ်းဘာသာ အစီအစဉ်ကို ည ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်