တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ‘ထနော့’ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်းဆိုင်ရာ အခမ်းအနားကျင်းပ

နေပြည်တော်  ၁၇  ဇန်နဝါရီ 


တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ‘ထနော့’ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်းဆိုင်ရာ အစီအစဉ်ကို ယနေ့တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နောင်အင်ပရိယတ္တိစာသင်တိုက် (ဓမ္မာရုံ)၌ ကျင်းပသည်။

 

mdn


အခမ်းအနားတွင် ကျောင်းထိုင်ဆရာတော်ထံငါးပါးသီလခံယူကြပြီး ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တောင်ကြီးခရိုင်၊ ဒုတိယခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှက နှုတ်ခွန်းဆက်စကား ပြောကြားကာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပြည်နယ် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ဟွမ်ကဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

ာိည


ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

mdn


အခမ်းအနား ဒုတိယပိုင်းတွင် ‘ထနော့’ တိုင်းရင်းသားများဆိုင်ရာ အချက်အလက်များအားကောက်ယူခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရသင့် ရထိုက်သည့် အခွင့်အရေး စကားဝိုင်း ကျင်းပဆွေးနွေးခဲ့ကြပြီး ရရှိလာသည့် အစီရင်ခံစာအပေါ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ 


(သတင်းစဉ်)