တောင်ဥက္ကလာပမြို့နယ်အတွင်း စောင့်ကြည့်ခံရသူများထားရှိသည့်နေရာများမှ စွန့်ပစ်အမှိုက်များကို စနစ်တကျသိမ်းဆည်း

ရန်ကုန်      ၂    ဧပြီ        

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စောင့်ကြည့်ခံရသူများထားရှိသော နေရာများမှ စောင့်ကြည့်ခံရသူများ အသုံးပြုခဲ့သော အမှိုက်များကို နေ့စဉ်စနစ်တကျသိမ်းစည်းလျက်ရှိရာ မတ် ၃၁ ရက်နေ့က စောင်ကြည့်ခံရသူများထားရှိသည့် “အောင်” အကယ်ဒမီကိုယ်ပိုင် စာသင်ကျောင်းမှ စွန့်ပစ်အမှိုက်များကို မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက စနစ်တကျသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

 

‌ေ

 

ထို့ပြင် နိုင်ငံရပ်ခြားမှပြန်လာသည့် (၁၄)ရက်စောင့်ကြည့်ခံရမည့် သူများအတွက် စားစရာ၊ သောက်ရေနှင့် အချိုရည်များကို Novotel Hotelမှ နေ့စဉ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

နေထက်အောင်