တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်း

articles_advs

တောင်တွင်းကြီး  ၂၉  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး  တောင်တွင်းကြီးမြို့နယ်  ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်၍ အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိမည့် သီးသန့်ဆောင်(ICU)တွင် ပိုးတွေ့လူနာများ အရေးပေါ်အောက်ဆီဂျင်ပေး ကုသမှုလိုအပ်ပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ပိုက်လိုင်းစနစ်ဖြင့် အောက်ဆီဂျင်ပိုက်သွယ်တန်းခြင်း၊ လေအေးပေးစက်တပ်ဆင်ခြင်း၊ CCTV တပ်ဆင်ခြင်းနှင့် အခြားလိုအပ်သည်များ ထပ်မံဖြည့်ဆည်းနိုင်ရန်အတွက် ဦးပိုင် စိန်ရွှေရတနာဆိုင်မှ အလှူငွေကျပ် (၂၅) သိန်းနှင့် ရွှေသရဖူရွှေပန်းတိမ် (ရန်ကုန်မြို့) မှ PPE (၃၀)စုံ၊ နှာခေါင်းစည်း Mask (၂၅၀၀) ခုတို့ကို အလှူရှင်များကိုယ်စား ဦးအောင်ကျော်ကျော်က လာရောက်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ကြည်ကြည်မာက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

(မြို့နယ် ပြန်/ဆက်)