တောင်သာမြို့နယ် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေထောက်ပံ့

တောင်သာ ၂  ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သာယာအေးကျေးရွာနှင့် ရွာလေးကုန်းကျေးရွာတို့ရှိ  ရေဘေးရှောင်ပြည်သူများအား ယနေ့ မွန်းလွဲ ၃ နာရီက  လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နီဇာလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများက ရေဘေးရှောင် ကျေးရွာများဖြစ်သည့် သာယာအေးကျေးရွာနှင့် ရွာလေးကုန်းကျေးရွာများအရောက် ရေဘေးရှောင် အိမ်ထောင်စု (၉၃) စု၊ လူဦးရေ (၃၂၁) ဦးအတွက် တစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်ဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၆၇၄၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နီဇာလှိုင်က  ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ မုန့်နှင့်Mask များပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)