တောင်ပြိုလက်ဝဲမြို့တွင် ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်သွားလာရန် အသိပေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်

တောင်ပြိုလက်ဝဲမြို့ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်သွားလာကြရန် လိုက်လံအသိပေးနှိုးဆော်ခြင်းအား စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးလိုက်လံနှိုးဆော်ရာတွင် မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ရန်၊ အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုလုပ်ရန်နှင့်၊ မိမိကိုယ်တိုင်လည်းဧည့်သည်အဖြစ်သွား ရောက်ခြင်း လုံးဝမပြုလုပ်ရန်၊ အိမ်တွင်အသက်(၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ (သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့်နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို တပ်ဆင်ထားရန်၊ လေဝင်လေထွက်ကောင်းသည့် နေရာတွင်နေရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကိုစနစ်တကျ ဆေးကြောကြရန်၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေရန်၊ လေဝင်လေထွက် မကောင်း သောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာစျေးဝယ်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများထံမှ စျေးမဝယ်ရန်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပို့များ သယ်ဆောင်လာခြင်းများ မရှိစေရေး သတိပြုရန်၊ အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ/ ကိုယ်လက်သန့်စင်ခြင်းမပြုမည် အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှရှောင်ကြဉ်ရန် စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်နှင့် နေထိုင်သွားလာကြရန် လော်စပီကာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)