တောင်ပေါ်တိုင်းရင်းသားကျေးရွာ ၂၄ ရွာရှိ အိမ်ထောင်စု ၁၂၀၂ စု အတွက် အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ် သွားရောက် ထောက်ပံ့

mdn

တာချီလိတ်    စက်တင်ဘာ    ၁၉  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်ရှိ တောင်ပေါ်တိုင်းရင်းသား ကျေးရွာ ၂၄ ရွာရှိ အိမ်ထောင်စု ၁၂၀၂ စုအတွက် အခြေခံစားသောက်ကုန်များကို မိုးမိသားစုကုမ္ပဏီနှင့် ရွှေမိုင်းဟဲ မိသားစုတို့က စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဒုတိယအကြိမ် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။  

တောင်ပေါ်နေ တိုင်းရင်းသား လားဟူ၊ အာခါ၊ ပလောင်နှင့် ရှမ်းလူမျိုး အများစု နေထိုင်သည့် ရွာများကို တစ်အိမ်ထောင်စုလျှင် ထိုင်းဘတ်ငွေ ၂၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် နှင့် အခြား အခြေခံစားသောက်ကုန်ပစ္စည်းများကို အိမ်ထောင်စု ၁၂၀၂ စုအတွက် အလှူရှင် မိသားစုများက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများက လက်ခံရယူခဲ့သည်။

ယာဆေး(ပြန်/ဆက်)