တောင်ညိုကျေးရွာ၌ အမျိုးသမီးအခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပ

မြိတ်၊ ၁၅ ဇွန်

၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သော အမျိုးသမီးအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း(နှစ်လ) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာရှိ ပါရမီစာဂစရိယကျောင်းဓမ္မာရုံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ န၏ COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်အနားသို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးအောင်ကျော်ဉီး၊ မြိတ်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထက်ပိုင်လွင်၊ မြိတ်မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးကျော်ဝင်းနိုင်နှင့်ဝန် ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးညွန့်ဝင်း၊ တောင်ညိုကျေးရွာမှ အမျိုးသမီးသင်တန်းသူ (၁၅) ဉီးတက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် သင်တန်းသူများအား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးအောင်ကျော်ဉီးက သင်တန်းသူများအား သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ဌာနမှ ကျေးလက်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ထို့နောက် မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထက်ပိုင်လွင်က သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် အတတ်ပညာများကို ကြိုးစားသင်ယူကြပြီး တက်မြောက်လာသည့် စက်ချုပ်အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအနေဖြင့် မိသားစုဝင်ငွေ တိုးပွားရေးကို အထောက်အကူရစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစက်ချုပ်သင်တန်းကို ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ ရက်ပေါင်း(၆၀)ကြာ အခမဲ့ဖွင့်လှစ် သင်ကြာပေးသွားမည်ဖြစ်ပြီး မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာမှ အမျိုးသမီးသင်တန်းသူ (၁၅)ဦးတို့အား စာတွေ့၊ လက်တွေ့ သင်ထောက်ကူပစ္စည်းများ အစုံအလင်ဖြင့် ဒီဇိုင်းဘာသာရပ် (၂၀) မျိုးကို သင်တန်းနည်းပြဆရာ ကိုကျော်ကျော်ထိုက်မှ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)

mdn