တောင်ငူမြို့နယ်၌ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

တောင်ငူ  စက်တင်ဘာ  ၁၅

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ အသက်(၅၅)နှစ်မှ  (၆၄) နှစ် အုပ်စုအတွင်းရှိသူများ ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ ၊ EAO များနှင့် ဦးစားပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က (၁) ၊ ကေတုရတနာခန်းမနှင့် ကေတုမတီမြို့သစ်တို့တွင် ယနေ့နံနက်ပိုင်းက စတင်၍ ဆေးထိုးနှံပေးလျက်ရှိရာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။

 

ယနေ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် တောင်ငူမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်မှ (၆၄) နှစ်အတွင်းရှိသူ ဦးရေ (၁၂၅) ဦးအား ဆေးထိုးစုရပ်နေရာ နေရာများ၌  ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တစ်ပြိုင်တည်း ဆောင်ရွက်ပေးသည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းတွင် လူဦးရေ ၁၂၅၀ အား ထိုးနှံပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 

ခရိုင် ပြန်/ဆက်