တောင်ကုတ်ရန်ခိုအုပ်စု တပ်ရှောင်လမ်း၌ ဟိုင်းလတ်ယာဉ်တစ်စီး မီးလောင်

တောင်ကုတ်  ၂၃ ဖေဖော်ဝါရီ

တောင်ကုတ်မြို့ ရန်ခိုကျေးရွာအုပ်စု တပ်ရှောင်လမ်း၌ ယနေ့ညနေ ၃ နာရီ ၄၅ အချိန်ခန့်တွင် အိမ်စီး ဟိုင်းလတ်ယာဉ်တစ်စီး ဆီပိုက်ပြုတ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

 

မော်တော်ယာဉ် မီးလောင်မှုအား သတင်းအရ တောင်ကုတ်မြို့နယ် မီးသတ်ဉီးစီးမှူး ဦးဆွေဝင်းမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ မီးသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၁) စီးဖြင့် မီးငြိှမ်းသတ်ခဲ့သည်။

 

အဆိုပါ မီး​လောင်မှုတွင် အိမ်စီးခဲရောင်ဟိုင်းလတ်အင်ဂျင်ခန်းနှင့် ခေါင်းခန်းမီးလောင်ပစ္စည်း ဆုံးရှုံးသွား၍ မီးလောင်မှုဖြစ်စဉ်တွင် ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်သွားကာ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)