တောင်ကိုရီးယားနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်သူအဖွဲ့ခေါင်းဆောင်အား ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

၂၆ နိုဝင်ဘာ

 

 

တောင်ကိုရီးယားနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်သူအဖွဲ့ခေါင်းဆောင်အား ထောင် ဒဏ် အနှစ် ၄၀ ဒီနေ့ ချမှတ်လိုက်ကြောင်း သိကြောင်း သိရပါတယ်။

 

အသက် ၂၅ နှစ်အရွယ် ချို ဂျူဘင် ဟာ ဘွဲ့ရတစ်ဦးဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားသူ အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

 

အဲဒီအဖွဲ့ဟာ အမျိုးသမီး နဲ့ အရွယ်မရောက်သေးသူ မိန်းကလေးတွေ အား ခြိမ်းခြောက်စာတွေပို့ခြင်း နဲ့ ညစ်ညမ်းဗီဒီယိုတွေ ရိုက်ယူထားခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ တယ်လီဂရမ် အက်ပလီကေးရှင်းမှာ ချိုဂျူဘင်တို့အဖွဲ့ ရိုက်ယူထားတဲ့ ညစ်ညမ်းဗီဒီယိုတွေအား ငွေကြေးယူပြီး ပြသတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

ချိုဟာ ၂၀၁၉ ခုနှစ် မေလကနေ ၂၀၂၀ ဖေဖော်ဝါရီလအထိ အဖွဲ့ ဦးဆောင်ပြီး အမျိုးသမီး ၇၄ ဦးနဲ့ အရွယ်မရောက်သေးသူ မိန်းကလေးငယ် ၁၆ ဦး ဆီကို ခြိမ်းခြောက်စာပို့ခဲ့ကြောင်း သိရပါတယ်။

 

ချိုအားကူညီသူ ၅ ဦးဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံကြောင်း သိရပါတယ်။

 

ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခံထားရတဲ့ ချို အား ထောင်ဒဏ်တစ်သတ်အဖြစ် လျှောက်လဲချက်တင်ရန် အချိန်တစ်ပတ်ရကြောင်း ၊ ကျန် ၅ ဦး အတွက်လည်း ပြစ်ဒဏ်လျော့ပေါ့ရန် လျှောက်လဲချက်တင်ခွင့် အချိန်တစ်ပတ် ပေးထားကြောင်း သိရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံရဲ့ ကျောင်းနဲ့ အများသုံးအိမ်သာတွေမှာ  လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ပြီး အမျိုးသမီးတွေရဲ့ တစ်ကိုယ်ရေ လုံခြုံရေးကို ဗီဒီယိုရိုက်ယူသူ တွေ ရှိကြောင်း သိရပါတယ်။

 

၂၀၁၈ ခုနှစ်က ဆိုးလ်မြို့ရှိ လမ်းမတွေပေါ်မှာ ထောင်ချီ၊ သောင်းချီတဲ့ အမျိုးသမီးတွေက အပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအား သေချာစွာကိုင်တွယ်ရန် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

MDN

ကိုးကား - AFP