တောင်ကိုရီးယားနိုင်ငံမှာ ပိုးတွေ့သူအရေအတွက်ဟာ မတ်လနောက်ပိုင်း အများဆုံးဖြစ်လာ

၂၆ နိုဝင်ဘာ

 

တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့(ကြာသပတေးနေ့)ထုတ်ပြန်ချက်အရ ပိုးတွေ့သူအရေအတွက်ဟာ မတ်လနောက်ပိုင်း အများဆုံးဖြစ်လာတဲ့အတွက် ဗိုင်းရပ်စ်ပိုးကူးစက်မှု တတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်နေပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးပြန်လည်တွေ့ရှိမှု ဖြစ်နေတဲ့ သီတင်းပတ် သုံး၊ လေး ပတ်အတွင်းမှာ နေ့စဉ်ပိုးတွ့ရှိသူ အရေအတွက်ဟာ ၁၀၀ ကနေ ၃၀၀ အတွင်း ရှိပေမယ့် ဒီနေ့မှာတော့ ပိုးတွေ့ရှိသူ ၅၈၃ ဦးရှိကြောင်း တာဝန်ရှိသူတွေက ကြေညာပါတယ်။

 

အခုနောက်ဆုံးပိုးတွေ့ရှိသူ အများစုတွေဟာ ရုံးခန်းတွေ၊ ကျောင်းတွေ၊ အားကစားခန်းမတွေနဲ့ တွေ့ဆုံပွဲငယ် တွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်အတွင်းမှာလည်း စစ်သားသစ်စုဆောင်းရေးစခန်း တစ်ခုမှာ ပိုးတွေ့ရှိသူ ၃၀၊ ၄၀ ရှိနေတဲ့အတွက် ကာကကွယ်ရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု တားမြစ်ရေး စည်းမျဉ်းချမှတ်ထားကြောင်း သိရပါတယ်။  

 

ကျန်းမာရေးဝန်ကြီး ပက်ခ် နောင်ဟူးက အခြေအနေဟာ ဘယ်နေရာမှာ ပိုးတွေ့ရှိမှု အများအပြားတွေ့ရမလဲ ဆိုတာမျိုး ဖြစ်နေကြောင်း သတိပေးပြောကြားပါတယ်။

 

တောင်ကိုရီးယားအစိုးရက ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်တားမြစ်ရန် မြို့တော်ဆိုးလ် ရှိ နိုက်ကလပ်နဲ့ ဘာတွေကို ပိတ်ထားခိုင်းပြီး မင်္ဂလာအခမ်းအနားနဲ့ အသုဘအခမ်းအနားတွေမှာ လူ ၁၀၀ အထိသာ တက်ရောက်ခွင့်ရှိခြင်း၊ စားသောက်ဆိုင်တွေဟာ ည ၉ နာရီတွင် ပိတ်ရန် အမိန့်ထုတ်ထားခြင်း နဲ့ ကော်ဖီဆိုင်တွေမှာ ပါဆယ်သာ ရောင်းချခွင့်ရှိခြင်း စတဲ့ စည်းမျဉ်းတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။

 

ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်အရ နိုင်ငံမှာ ပိုးတွေ့ရှိသူ ၃၂,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP