တစ်ပတ်လုပ်ခလစာပေါင် ၁၄ဝဝဝဝ နဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်းနဲ့ မာတစ်တို့ ဆွေးနွေးလျက်ရှိ

mdn

၂၂ မတ်

 

ကွင်းလယ်ကစားသမား မာတစ်ဟာ မန်ယူအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ် သစ်တစ်ရပ်ချုပ်ဆိုဖို့ ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။ ဆားဘီးယား ကြယ်ပွင့် မာတစ်ဟာ ယခုနှစ်နွေရာသီဈေးကွက်အတွင်းမှာ အခြားသောကလပ် အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ တစ်ပတ်လုပ်ခလစာပေါင် ၁၄၀၀၀၀ နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေး နေတာဖြစ်ပါတယ်။

 

ကွင်းလယ်ကစားသမား မာတစ်ကို အီတလီစီးရီးအေကလပ် အေစီမီလန် အသင်းနဲ့ အင်တာမီလန်အသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။ မာတစ်ဟာ မန်ယူအသင်းနဲ့ အတူ ပရီမီယာလိဂ်ပွဲစဉ် ၇၆ ပွဲအထိ ပါဝင်ကစားပေးထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ မန်ယူ အသင်းဆီ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးထားတာလည်း ဖြစ်ပါတယ်။

 

ဘင်ဖီကာကွင်းလယ်ကစားသမားဟောင်း မာတစ်အနေနဲ့ နွေရာသီ ဈေးကွက်အတွင်းမှာ မန်ယူအသင်းကနေထွက်ခွာဖို့ စီစဉ်နေတာကြောင့် အခြား သော ဥရောပကလပ်အသင်းအများစုရဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းကိုလည်း ခံထားရတာဖြစ်ပါတယ်။

 

ငွေကြယ်