တာမိုးညဲမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်သူလူထုများထံသို့ မျိုးစေ့ပေါင်း(၁၈)မျိုး ထောက်ပံ့ပေးအပ်

တာမိုးညဲ ၂၃ မေ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ကုသရေးကာလ၌ (Home Garden) စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီး၊ ဟင်းရွက်မျိုးစေ့စုစုပေါင်း (၁၈) မျိုးကို မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် တာမိုးညဲမြို့၊ ယာယီပျံကျဈေး၌ (အခမဲ့) ထောက်ပံ့ပေးအပ်ဖြန့်ဝေသည်။

 

“ကိုဗစ်-၁၉ရောဂါကာကွယ်ရေးကာလမှာ မိမိအိမ်ခြံဝန်းထဲမှာ ကိုယ်တိုင်စိုက်ပျိုးပြီး အာဟာရပြည့်ဝတဲ့ ဟင်းသီး၊ ဟင်းရွက်တွေကို စားသုံးသုံးနိုင်ရန်အတွက် မျိုးစေ့ပေါင်း (၁၈) မျိုးကို တာမိုးညဲမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်သူလုထုလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါတယ်”လို့ စိုက်ပျိုရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းကိုကိုထွေးက မျိုးစေ့ဖြန့်ဝေရခြင်းအကြောင်းကို ပြောသည်။

 

အဆိုပါမျိုးစေ့များကို တာမိုးညဲမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတို့က လိုက်လံထောက်ပံ့ပေးအပ်ဖြန့်ခဲ့ကြောင်းသိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)