တာမွေမြို့နယ်၌ ပြည်သူ ၉၇၀၀ ကျော်အား နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးပြီးဖြစ်

ရန်ကုန်   ဇန်နဝါရီ   ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ဇန်နဝါရီ ၂၇ ရက်အထိ ပြည်သူ ၉၇၀၀ ကျော်အား နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အမျိုးသား ၄၈၉၀ နှင့် အမျိုးသမီး ၄၈၁၇ ဦး စုစုပေါင်း ၉၇၀၇ ဦးကို နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)