တာချီလိတ်၊ ချမ်းမြသာစည်၊ ပင်လောင်းနှင့် မံစီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၁၇  ဇန်နဝါရီ

 

 

တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၆ ရက်ည ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ (၁) လမ်းထိပ်တွင် လမ်းလျှောက်လာသူ အာတီးနော် (ခ) အားနော် ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း။

 

 

ထို့အတူ ယင်းနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်၊ ရန်ကုန် - မန္တလေး စက်ဘီးစီးလမ်းအနီးတွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိကြောင်း သတင်းအရ သွားရောက် စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁,၇၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈,၀၀၀ ကိုလည်းကောင်း။

 

 

အလားတူယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု လိန်းလီကျေးရွာ လိန်းလီကြိုးတံတားထိပ်တွင် ကျော်သူစိုး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် ဘိန်းဆီခဲ သုည ဒသမ ၀၄၅ ကီလိုတို့ကို လည်းကောင်း။

 

 

အလားတူယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာ - မန်ရကျေးရွာသွားလမ်းတွင် ဘအေး (ခ) မောင်အေး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

ရဲပြန်ကြား