ထရားဗစ်စကော့က သူ့ရဲ့ ဖျော်ဖြေပွဲမှာ သေဆုံးခဲ့ရတဲ့ ပရိသတ်တွေအတွက် အသုဘစရိတ်ပေးမည်

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ထရားဗစ်စကော့ရဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ တေးဂီတ ဖျော်ဖြေပွဲမှာ လာရောက်ကြည့်ရှုသူ ပရိသတ်များစွာ ဒဏ်ရာရခဲ့ပြီး ရှစ်ယောက်သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ဖျော်ဖြေပွဲမှာ ကွယ်လွန်ခဲ့တဲ့ ပရိသတ်တွေအတွက် အသုဘစရိတ်ကို ထားဗစ်စကော့က ကျခံပေးမှာ ဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Astroworld Festival  လို့ အမည်ပေးထားတဲ့ ထရားဗစ်စကော့ရဲ့ တေးဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၅ ရက်က တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာရှိတဲ့ အန်နာဂျီပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲအတွင်း လူအများတိုးဝှေ့ခဲ့ကြရာမှာ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ပြီး လူများစွာထိခိုက်ဒဏ်ရာရခဲ့ကာ ရှစ်ဦး သေဆုံးခဲ့ပါတယ်။ ယင်းဝမ်းနည်းဖွယ်အဖြစ်အပျက်အတွင်း ကွယ်လွန်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ နာရေးအတွက် ကုန်ကျငွေကို ထရားဗစ်စကော့က ကျခံပေးမှာဖြစ်ကြောင်း သိရပါတယ်။

အေးပြည့်