ထန်းတပင်မြို့နယ်၊ ဝါးတရာကျေးရွာ၌ ရေသန့်စင်စနစ် ဆောင်ရွက်ပြီးစီး

mdn

ထန်းတပင်(ရန်ကုန်)     စက်တင်ဘာ    ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ကျေးရွာများတွင် ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဝါးတရာကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာတွင် ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရေသန့်စင်စနစ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝါးတရာကျေးရွာတွင် တင်ဒါအောင် ဖိုးရွှေလ ကုမ္ပဏီက ရေသန့်စင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံ ငွေကျပ်သန်း ၁၉ ဒသမ ၇၀၃ ဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ဝါးတရာကျေးရွာတွင် ရေသန့်စင်လုပ်ငန်းများ ဆောင်ရွက်ပြီး စီးပြီဖြစ်၍ ကျေးရွာနေပြည်သူ ၂၈၈၄ ဦးတို့မှာ သန့်ရှင်းသောသောက်သုံးရေများကို ဖူလုံစွာ အသုံးပြု နိုင်တော့မည်ဖြစ်သည်။

ဇင်မင်းထိုက်(ထန်းတပင်)