ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

ထန်တလန်  ၂ ဧပြီ 

 

ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက အဆိုပါဆေးရုံ၌ ပြုလုပ်ခဲ့သည်။

 

1280

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ ထန်တလန်မြို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများနှင့် စေတနာရှင်တို့က ဆေးရုံအတွက် လိုအပ်လျက်ရှိသော Sugical Glove ၊ Hand Gel ၊ Surgical Mask စသည့် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကုသရေးဆရာဝန်ကြီး ဒေါက်တာထွန်းပွားက လက်ခံရယူခဲ့သည်။

 

1282

 

အဆိုပါ ဆေးရုံသုံးပစ္စည်းများကို ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ထန်တလန်မြို့ Facility Quarantine ပြုလုပ်ရန်စီမံထားရှိသည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ပြီး စေတနာရှင် အလှူရှင်များအနေဖြင့် ထန်တလန်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းလိုပါက ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

(ပြန်/ဆက်)