ထလော့မြန်မာ အိုမြန်မာတို့ အားမပျော့နှင့်

mdn

ကိုရင်သြ - ရေးသားသည်

 

ထမင်းရေကြည် အပေါ်ယံမျက်နှာပြင် တင်းသလို အနှင်းမခံ နိုင်သည့် မဟာ ကျန်းမာရေး ပြဿနာကြီးအဖြစ် ကိုရိုနာ" က ကမ္ဘာတစ်လွှားတွင် ဆက်လက်၍ ရွပိုးထိုးနေသည့် အခိုက်အတန့်ဝယ် မိမိတို့ အသီးသီး အသက သေက ကျန်းမာရေးအရ ကာယိကိုစောင့်ထိန်းရင်း ကမ္ဘာ့ပြည်သူများ အားလုံး၏ ဘုံရန်သူကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်လျက် ရှိနေကြပုံကို ကျွန်ုပ်စေ့ လေ့လာမိလေ၏။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ အဆိုအရ ကိုဗစ်-၁၉ဗိုင်းရပ်စ်ပိုးသည် လူ့မျိုးဆက်တစ်ဆက်တာ ကာလအတွင်း အဆိုးဆုံး ဘေးဒုက္ခပေးသော ပြည်သူ့ ကျန်းမာရေး ကပ်ဘေးဆိုက်မှုအဖြစ် ကျွန်ုပ် မှတ်သားရ၏။

 

လူသားတစ်ရပ်လုံး၏ ရန်သူ ကိုရိုနည်းကူးစက်မှု ရပ်တန့်သွားစေရေးအတွက် ကမ္ဘာ တစ်ဝန်းတွင် လူမှုရေး ဆွာဟမှု” (Social Distancing) ပြုလုပ်ရ၊ ယမကာဆိုင်များ ပိတ်ထားရ၊ စားသောက်ဆိုင်များမှသည် စာသင်ခန်းနှင့် အလုပ်ခန်းများအထိ ပိတ်ထား ရပြီး နေအိမ်အလိုက်၊ ရပ်ရွာအလိုက်၊ အသွားအလာ အဝင်အထွက် ထိန်းချုပ်ကန့်သတ်ထားမှုများ ပြုလုပ်ထားကြရဆဲဖြစ်၏။

 

စုန်းကဝေသဖွယ် ကမ္ဘာ့လူသားတစ်ရပ်လုံးကို ပြုစားနေဘိအလား အရဲတင်းလွန်းလှသည့် ကိုရိုနာပိုးကြောင့် ကိုယ်၊ စိတ်နှလုံး ရွှင်ပြုံးနိုင်ခြင်း မရှိကြရကား စိတ်ကျန်းမာရေးအရ ထိခိုက်ရသည့် သတင်းဖြစ်စဉ်များ (ဂျာမနီရှိ ပြည်နယ်တစ်ပြည်နယ်တွင် ဘဏ္ဍာရေးဝန်ကြီးတစ်ဦး ရထားကြိတ်ခံကာ မိမိကိုယ်မိမိ အဆုံးစီရင်သွားခြင်း သတင်းမျိုး) ကိုလည်း ကျွန်ုပ်တို့ ကြားသိကြရပေရာ စိတ်ဓာတ်ခွန်အား တိုးပွားစေလျက် လာမည့်ဘေး ပြေးတွေ့ရမည့် သတ္တိမွေးကြဖို့ ကျွန်ုပ် တိုက်တွန်းအပ်ပါသည်။

 

သတ္တာနံ ဝိသုဒ္ဓိယာ ဧကာယနော မဂ္ဂေါဟူသော ရှင်တော်ဗုဒ္ဓ၏ လမ်းညွှန်ချက်နှင့်အညီ လူသားအားလုံး စိုးရိမ်ထိတ်လန့်မှုတည်း ဟူသော ကိလေသာစိတ်အညစ်အကြေး စင်ကြယ်စေဖို့ တစ်ကြောင်းတည်းသော လမ်းစဉ် (ဝိပဿနာ သတိပဌာန်လမ်းစဉ်) နှင့်အညီ သတိမလပ်ကြဖို့ကိုလည်း ကျွန်ုပ်တိုက်တွန်းလိုပါ၏။

 

ကျန်းမာရေးဘေးဥပဒ် ခြိမ်းခြောက်ခံရချိန်တွင် ပရဟိတစိတ်ဓာတ်ကို ဝိုင်းဝန်းမြှင့်တင် ကြခြင်းဖြင့် အများသူငါ ဒုက္ခဖိစီးခံရမှုမှ သက်သာရာရစေနိုင်သည်ဟု ကျွန်ုပ်ရှုမြင်မိ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေချိန် တွင် အထိအနာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာသော အမေရိကန်ပြည်ထောင်စု၌ စားနပ် ရိက္ခာရန်ပုံငွေ (Food Fund) ကို ပရဟိတ စိတ်ထားရှိသူများက ထူထောင်လိုက်ပြီ ဆိုသော သတင်းတစ်ပုဒ်မှာ နတ်လူသာဓု ခေါ်စရာဖြစ်ရပြီး ကျွန်ုပ်တို့၏ နိုင်ငံတွင်လည်း စေတန၁ရင့်သန်သူများကို အားပါးတရ တွေ့မြင်ရပေသည်။

 

ရောဂါကပ်ဘေးဆိုက်ချိန်တွင် အားနည်းမှုအရှိဆုံး လူပုဂ္ဂိုလ်များကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြခြင်းဖြင့် လောကပါလတရား ထွန်းကားသော ကမ္ဘာကြီးအဖြစ် ဂုဏ်တင့်ဝင့်ထည်ပေလိမ့်မည်။ ဆင်းရဲသား နင်းပြားများ အတွက် ရိက္ခာဘဏ်တိုက် (Food Bank) များကို အပြိုင်းအရိုင်း ထူထောင်ကြခြင်းဖြင့် ကုသိုလ်တရားပွားများ နိုင်ကာ ကပ်ဘေးဆိုးကြီးမှ အမြန်ဆုံး ကျော်လွှားလွန်မြောက်နိုင်ပေမည်ဟု ကျွန်ုပ် ဆင်ခြင်မိ၏။

အမေရိကန်တွင် ကိုရိုနာဘေး ကပ်ဆိုက်နေ ချိန်အတွင်း မြို့ရွာအလိုက် ကျန်းမာရေး  ခြေချုပ်ချ (အသွားအလာ အဝင်အထွက်ပိတ်ပင်ထားရ)ချိန်တွင် စားတော်ကဲကြီးများက ရုပ်မြင် သံကြားဖန်သားပြင်ပေါ်မှတစ်ဆင့် ချက်နည်း၊ ပြုတ်နည်း နိဿရည်းများကို ဉာဏ်ပူဇော်ခ မယူဘဲ ပညာဒါနပို့ချပေးသည်ဆိုသော  သတင်းတစ်ပုဒ်ကိုလည်း ကျွန်ုပ်ဖတ်ရှုရပြန်ရာ စေတနာကောင်းသူတွေ များများပေါ်ထွန်း ပါစေဟု ကပိုကရိုဆုတောင်းစကား ဆိုလို၏။

 

ကိုရိုနာမိစ္ဆာနတ်ဆိုး အပူးအခွပြုလုပ်နေသည့် ကြားမှကျွန်ုပ်ကြားသိရသည့် သတင်းတစ်ပုဒ်မှာ အထူးတလည် ရင်သပ်ရှုမော အံ့ဩဖွယ်ရာ ဖြစ်ရသည်။

 

အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး ဝီလျံလက်ရှီး ဆိုသူသည် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ပိုးဝေဒနာမှ ပြန်လည်နာလန်ထူလာခဲ့ပြီး ၁၀၄ နှစ်မြောက်မွေးနေ့ပွဲကို ဆင်နွှဲနိုင်သည်ဟုဆိုသည်။

 

အီတလီနိုင်ငံ ဂျီနီဗာမြို့၌ အသက် ၁၀၂ အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ကပ်ရောဂါမှ ပြန်လည် နာလန်ထူလာခြင်းမှာ မှော်ချရလောက်သည်ဟု သတင်းတစ်ပုဒ်တွင် ကျွန်ုပ် ဖတ်ရှုရပေရာ ကျွန်ုပ်မှာ အံ့သြဘနန်း ဖြစ်ရပြန် သည်။

 

အီရန်နိုင်ငံတွင် အသက် ၁၀၃ နှစ်အရွယ် အဘွားအိုတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် စွဲကပ် ခံခဲ့ရပြီးနောက် ရက်သတ္တတစ်ပတ်ကြာမျှဆေးရုံ တက်ရောက်ခဲ့ရသော်လည်း ပြန်လည်နာလန်ထူလာသည်ဟု ကြားသိရပြန်ရာ ဇီဝိတရုပ်များ၏ ဆန်းကြယ်ပုံကို စေ့ငုစရာ ဖြစ်ရပြန်သည်။

 

ဗြိတိန်နိုင်ငံ၏အကျော်ဒေးယျ အဆိုတော်ကြီး အယ်လ်တန်ဂျွန်သည် ရပ်ရွာအလိုက် အသွားအလာ ကန့်သတ်ခံထားရသူများ စိတ်အပန်းတော်ပြေစေရေးအလို့ငှာ တတ်သည့်ပညာ မနေသာ အနုပညာဖြင့် ဖျော်ဖြေကာ ကိုရိုနာ တိုက်ဖျက်ရေး ပရဟိတရန်ပုံငွေရှာဖွေပေးသည် ဟူသော သတင်းတစ်ပုဒ်မှာလည်း မြို့မေတ္တာ ခံယူသည့်သားက သူ၏ ပရိသတ် အပေါ် တစ်ပြိုင်နက် တစ်ချက်တည်း မေတ္တာရေစင် သွန်းလောင်းပေးလိုက်ဘိအလား စိတ်နှလုံးကို ရွှင်ပြုံးစေသည် မဟုတ်တုံလော။

 

အယ်လ်တန်ဂျွန်က သူ၏နေအိမ်ခန်းဆောင် ဆီမှ တေးဂီတဖျော်ဖြေပွဲပြုလုပ်လေသော် ဆီလီ အိုင်းလစ်ရှ်၊ လေဒီဂါဂါတို့က ပူးပေါင်းပါဝင်လာကြပြီး ရုပ်မြင်သံကြားနှင့် ယူတို့မှတစ်ဆင့် ဖျော်ဖြေတင်ဆက်ကာ ပြည်သူတို့၏ ညှိုးနွမ်း နေသော စိတ်နှလုံးကို ဖရဏာပီတိ ဂွမ်းဆီထိ ဖြစ်စေ၏။ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ရန်ပုံငွေကို တိုးပွားစေ၏။

 

ကိုရိုနာဝေဒနခသည်များအတွက် အရေးအကြီးဆုံး လိုအပ်သော အသက်ရှူအထောက် အကူပြုစက် တီထွင် ဖော်ထုတ်နိုင်ရန် လန်ဒန်ယူနီဗာစတီကောလိပ်နှင့် မာစီဒီဖော်မြူလာ ဝမ်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် ရက်သတ္တတစ်ပတ်အတွင်းမှာပင် တီထွင်ထုတ်လုပ်မှုကို စတင်နိုင်ခဲ့ပြီး ဗန်တီလေတာစက်အလုံး ၄၀ ကို လန်ဒန်ဆေးရုံများသို့ လှူဒါန်း ပေးခဲ့သည်ဆိုသော သတင်းတစ်ပုဒ်မှာ ကျွန်ုပ် အတွက် ကုသိုလ်ရှင်များနည်းတူ ထပ်တူ ဝမ်းသာပီတိဖြစ်ရဘိ၏။

 

မာစီဒီးကား ကုမ္ပဏီကြီး၏ ပြည်သူတို့ အပေါ် စေတနာရှေးရှုသော ကုသိုလ်လုပ်ရပ်ကို ကြည်ညိုသဒ္ဓါပွားများကာ အမေရိကန်ရှိ ရိုးရွိုက်စ်၊ ဘီအေဘီစစ္စတန်နှင့် ဖို့ဒ်တို့ကဲ့သို့သော ကားကုမ္ပဏီကြီးများက အသက်ရှူ အထောက် အကူပြုစက်များကို အပြိုင်အဆိုင် ထုတ်လုပ်ရန် ကြိုးပမ်းလာကြရာ တစ်ခွင် တစ်ပြင် မေတ္တာရေအလျဉ်ကို တွေ့မြင်ရဘိ သကဲ့သို့ အားပါးတရ ရှိပေစွ။

 

ဘေးဒုက္ခကျရောက်ချိန်တွင် ကူညီစောင့်ရှောက်ပေးသူသည် မိတ်ဆွေစစ်ဖြစ်သည် ဟူသော လူမှုရေးသဘော တရားကို ဧကန်ဧက ထုတ်ဖော်ပြသလိုက်သော နိုင်ငံတစ်နိုင်ငံမှာ ဂျာမနီနိုင်ငံဖြစ်သည်။

 

အီတလီနိုင်ငံ၌ ကိုရိုနာရောဂါ အထိအနာ ဆုံး ဒေသတစ်ခုမှ လူနာများကို အကူအညီ ပေးနိုင်ရန် ဂျာမနီနိုင်ငံက စစ်လေယာဉ်များ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့လေသည်။ ကိုရိုနာရောဂါပိုး ကူးစက်မှုနှုန်းအမြင့်ဆုံး ရှိနေသော အီဘလီနှင့် ပြင်သစ်နိုင်ငံတို့မှ လူနာများကို ဂျာမန်စစ်လေယာဉ်များက သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး မိမိတို့နိုင်ငံရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ခြင်းမှာ နတ်လူသာဓု ခေါ်ရအံ့သော ကုသိုလ်ကောင်းမှု ပင် မဟုတ်ပါ လော။

 

ကိုရိုဗိုင်းရပ်စ် မူလအစပြုရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြည်သူများသည် မှောင်အတိပြီး သော လိုဏ်ဂူလမ်းအတိုင်း ရက်ပေါင်းအတန် ကြာမျှ လျှောက်လှမ်းခဲ့ကြရပြီးနောက် လိုဏ်ဂူလမ်းအဆုံးတွင် အလင်းရောင်ကို တွေ့မြင် လိုက်ရဘိအလား အိမ်ပြင်ပသို့ ထွက်လာနိုင်ပြီဆိုသော သတင်းတစ်ပုဒ်မှာလည်း သိင်္ဂါရ ရသမြောက်သည့် သတင်းတစ်ပုဒ်အဖြစ် ကျွန်ုပ်မြင်မိ၏။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နှစ်လ ကျော်ကြာမျှ အသွားအလာကန့်သတ်ပိတ်ပင် ခံခဲ့ရသော ဝူဟန်မြို့ ကို ဧပြီ ၃ ရက်က တစ်စိတ်တစ်ဒေသ ပြန်လည်ဖွင့်လှစ်လိုက်ရာ ဒေသခံ ပြည်သူတို့မှာ နေအိမ်ပြင်ပသို့ စိတ်လက် ပေါ့ပေါ့ပါးပါးဖြင့် ထွက်ခွာလာနိုင်ခဲ့ကြပေပြီ။

 

ဟူပေပြည်နယ် မြို့ တော်ဝူဟန်တွင် ကိုရိုနာပိုး ကူးစက်ခံရသူ လူ ၅၀ဝ၀ဝ ကျော် ရှိခဲ့ပြီး ပြည်နယ်တစ်ဝန်းတွင် လူပေါင်း ၃ဝဝဝ ထက်မနည်း မရဏဘေး ကျရောက်ခဲ့ရလေသည်။ လူဦးရေ ၁၁ သန်းကျော် နေထိုင်ရာ မြို့တော်ပေကျင်းတွင်လည်း  လူအသွားအလာ ပြန်လည်စည်ကားစ ပြုလာ ပေပြီ။

 

သို့ဖြစ်လင့်ကစား ကမ္ဘာတစ်ဝန်းတွင်မူ ကိုရိုနာပိုး ဆက်လက်မင်းမူနေကာ ကမ္ဘာသူ၊ ကမ္ဘာသားတို့ကို နှိပ်စက်မြဲ နှိပ်စက်လျက်ရှိ သည်။ နောက်ဆုံးသတင်းတစ်ပုဒ်အရမူကမ္ဘာ့ တစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပေါင်း တစ်သန်းကျော်ရှိနေပြီး သေဆုံးသူ ၆ဝဝဝဝ နီးပါး ရှိခဲ့ပေပြီ။

 

ဤရွေ့ဤမျှ ဤလောကကို ခြိမ်းခြောက် လှုပ်ခါနေသော ကိုရိုနာဗိုင်းရပ်စ်ပိုးကို အကြောင်းပြု၍ လူမှုရေး၊ စီးပွားရေးတို့အရ ဆုံးရှုံးနစ်နာမှုကြီးမားစွာ ဖြစ်ပေါ်လာနိုင်အံ့သော မျက်မှောက်အခြေအနေတွင် ကျွန်ုပ်တို့ အနေဖြင့် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဟူဘိသို့ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းချစ်ကြည် ညီညွတ်ကြပါလျှင် ပြည့်ရန်သူတည်းဟူသော ဗိုင်းရပ်စ်ကပ်ရောဂါပိုးကို အပြီးတိုင် ချေမှုန်းတိုက်ထုတ်နိုင်ရေးအတွက် စိတ်ဓာတ် ခွန်အားများ ဆပွားတိုးပွားလာနိုင်ပုံကို တွေးတောမိရင်း ဆရာဇော်ဂျီ၏ တို့တိုင်းပြည်ကဗျာမှ ထလော့မြန်မာ အိုမြန်မာတို့ အားမပျော့နှင့် မန္တိလုံ့လ သူကစ၍ ငါကအားလုံး လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ ဆောင်ကြလေလော့" ဟူသော စာသား တစ်ပိုင်းတစ်ကို ကျွန်ုပ်ရွတ်ဆိုမိရင်း ထလော့မြန်မာ အိုမြန်မာတို့ အားမပျော့နှင့်ဟု ကျူးရင့်မိပါသတည်း။ ။