ထိုင်းနှင့်ဆော်ဒီတို့ နှစ်နိုင်ငံဆက်ဆံရေး ပြန်ပေါင်းစည်းရန် သဘောတူ

ဗန်ကောက် ဇန်နဝါရီ ၂၇

 

ထိုင်းဝန်ကြီးချုပ်၏ ရီဟာ့ဒ်သို့ ဇန်နဝါရီ ၂၅ ရက် နိုင်ငံတော်  ခရီးစဉ်အတွင်း ထိုင်းနှင့် ဆော်ဒီ အာရေဗျတို့ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ပြန်ပေါင်းစည်းရန် သဘောတူခဲ့သည်။

 

ဆော်ဒီနန်းတော်မှ ထိုင်း အလုပ်သမားတစ်ဦးက ကျောက်မျက်ရတနာများ ခိုးယူမှုဖြစ်ပွားခဲ့ချိန် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်အချိန်ကတည်းက နှစ်နိုင်ငံဆက်ဆံရေးသည် မပြေလည်မှုများရှိခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များကြား ဆယ်စုနှစ်များအတွင်း ယခုလိုအဆင့်မြင့်အစည်းအဝေး ကျင်းပခဲ့ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

 

ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာသည် တော်ဝင်အိမ်ရှေ့ မင်းသား မိုဟာမက် ဘင်ဆယ်လ် မင်န်နှင့် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်အဖွဲ့များသည် ၎င်းတို့၏ အမြင်မတူကွဲပြားမှုများကို ဖြေရှင်းရန်သဘောတူခဲ့သည်။ သံအမတ်ကြီးများ စေလွှတ်ထားရှိပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန်လည်း သဘောတူခဲ့ကြသည်။

 

ဆော်ဒီ ထုတ်ပြန်ချက်တွင် ၎င်းတို့သည် စွမ်းအင်အရင်းအမြစ်များ အပါအဝင် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဆော်ဒီအာရေဗျအမျိုးသား လေကြောင်းလိုင်းသည် နှစ်နိုင်ငံကြား  တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲမှုကို မေလတွင် စတင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ခရီးသွားကဏ္ဍအကျိုးအမြတ် ရရှိတော့မည် ဖြစ်ကြောင်းနှင့် ထိုင်းလူမျိုးများ ဆော်ဒီတွင် နောက်တစ်ကြိမ် အလုပ်သွားလုပ်နိုင်တော့မည် ဖြစ်သည်။ ၁၉၈၉ ခုနှစ်က ကျောက်မျက် ရတနာများ ခိုးယူခံရပြီးနောက် ဆော်ဒီအာရေဗျသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အထင်အမြင်သေးခဲ့သည်။ ထိုင်းမီဒီယာက အချို့ကိုမူလနိုင်ငံသို့ ပြန်လည် ပေးပို့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

သို့သော်လည်း ရီဟာ့ဒ်က အများစုမှာ အတုများဖြစ်ပြီး ရှားပါးလှသည့် ၅၀ ကရက်ရှိ စိန်တစ်လုံးမှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း  ထိုင်းနိုင်ငံ၏ အဆိုပါအရေး ဖြေရှင်းမှုများကို ဆော်ဒီအနေဖြင့် အားရကျေနပ်ကြောင်း ဖော်ပြခဲ့သည်။

 

အင်န်အိတ်ချ်ကေ