ထိုင်းနိုင်ငံ၌ ခရီးသွားလုပ်ငန်းကို အောက်တိုဘာလအတွင်း ပြန်လည်စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

ဗန်ကောက် ဩဂုတ် ၁

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိသော်လည်း အောက်တိုဘာလအတွင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း ထိုင်းဒုတိယ ဝန်ကြီးချုပ် အာနုတင်ခွန်ဗီရာကူလ် က ယမန်နေ့ တွင် ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသည့် နိုင်ငံခြားသားဧည့်သည်များအား ဖူးခက်ကမ်းခြေ အပန်းဖြေစခန်းသို့ လာရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် အာနုတင်ခွန်ဗီရာကူလ်က ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် ဖူးခက်ကမ်းခြေကို ဩဂုတ် ၃ ရက်မှ ၁၆ ရက်အထိ ယာယီပိတ်ထားကြောင်း သိရသည်။

ဗိုင်းရပ်စ်ကူးစက်မှုများ လျော့ကျရန် နိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံမှုခံယူကြရန် ထိုင်းဒုတိယဝန်ကြီးချုပ် အာနုတင်ဈာန်ဗီရာကူလ်က တိုက်တွန်းပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၉၁၂ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၉၇၂၈၇ ဦးရှိလာသည်။ အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၁၇၈ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၄၈၅၇ ဦးရှိလာသည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အောင်ကျော်ကျော်