ထိုင်းနိုင်ငံမှာ အသွားအလာ ကန့်သတ်မှုတွေ ဖျက်သိမ်း

၄ မေ

ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်မှု၊ လူစုလူဝေးကန့်သတ်မှုတွေကို ဖျက်သိမ်းလိုက်သလို  စားသောက်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေ နဲ့ လဟာပြင်ဈေးတွေပါ ပြန်လည်ဖွင့်ခွင့် ပေးလိုက်ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးနီးနီးကပ်ကပ်မရှိစေရေးနဲ့ ကိုယ်အပူချိန်တိုင်းတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

 

တစ်လကျော်ပိတ်ထားတဲ့ ဘန်ကောက်မြို့ရှိ ပန်းခြံတွေမှာ လမ်းလျှောက်သူတွေ၊ စက်ဘီးစီးသူတွေ ၊ လေ့ကျင့်ခန်းလုပ်နေသူတွေနဲ့ ပြည့်နှက်နေတာကိုတွေ့ရပါတယ်။

 

သီတင်း(၃)ပတ်ကြာပိတ်ထားတဲ့ အရက်သေစာရောင်းခွင့်ကိုလည်း ပြန်လည်ဖွင့်ပေးလိုက်ပါတယ်။ တာဝန်ရှိသူတွေက လူအများအပြားစုဝေးမှုတွေ အလွန်များပြားခဲ့ရင် တားမြစ်ချက်တွေ ပြန်ထုတ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။

MDN
ကိုးကား - AFP