၁၇ ဩဂုတ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် လူပေါင်း ၁၀ဝ၀ဝ ခန့် စုဝေးကာ နိုင်ငံရေးတွင် စစ်တပ်က ဆက်လက် အာဏာလွှမ်းမိုးနေမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ကန့်ကွက် ဆန္ဒပြသမားများက ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးကနေ နုတ်ထွက်ပေးရန်နှင့် ပါလီမန် ဖျက်သိမ်းရန် ယမန်နေ့က တောင်းဆိုခဲ့ကြသည်။
ပရာယွတ်သည် လွန်ခဲ့သော ခြောက်နှစ်က စစ်တပ်ကို ဦးဆောင်ပြီး ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ပြီးခဲ့သည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက်တွင် ထိုရာထူးမှာပင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
အဆိုပါ ဆန္ဒပြသူများက ဖွဲ့စည်းပုံ အခြေခံ ဉပဒေ အသစ် ရေးဆွဲရန်လည်း တောင်းဆိုခဲ့ကြသည်။
ဖေဖော်ဝါရီလက အတိုက်အခံပါတီ ဖျက်သိမ်းခံခဲ့ရပြီး ကတည်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံး ပျံ့နှံ့သွားသည်။
ထိုပါတီသည် နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ခဲ့သည်။
ထိုဆန္ဒပြမှုတွင် ပါဝင်သူများကို နိုင်ငံတော် အကြည်ညိုပျက်အောင် လှုံ့ဆော်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို