ထိုင်းမှ ပြန်လည်ဝင်ရောက်လာသည့် Quarantine ဝင်ရသူများအား ဖုန်းဆင်းကတ်များ အခမဲ့ဖြန့်ဝေ

ဘားအံ ၄  ဧပြီ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ထိန်းချုပ်သည့် နည်းစနစ်တစ်ခုဖြစ်သည့် Quarantine ဝင်ရသည့် တစ်ဖက်ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ပြန်လာသည့် သူများအတွက် လက်တ​လောကာလတွင် ဆက်သွယ်မှုကွန်ရက် အဆင်ပြေ စေရေးအတွက်ရည်ရွယ်ပြီး MPT နှင့် Mytel ဆင်းကတ်များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စောစောပြော Mobile App စနစ်ဆိုင်ရာများအား ဧပြီလ(၃)ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံ​​မြို့နယ် ကွန်ပျူတာပညာရှင်းများအသင်း၊ ကရင်ပြည်နယ် လူငယ်ရေးရာ​ကော်မတီတို့ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လှူဒါန်းသော MPT နှင့် Mytel ဖုန်းဆင်းကတ်များကို ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးအေးက ဘားအံမြို့ပေါ်ရှိ Facility Quarantine များရှိ လူဦးရေအလိုက် ကြီးကြပ်သူများအား တစ်ဆင့်လွှဲပြောင်း ပေးအပ်ပေး ခဲ့ပြီး  စောစောပြော Mobile App စနစ်၏ ရည်ရွယ်ချက်၊ ဖုန်းတွင်ရယူနိုင်ပုံများ၊ အသုံးပြုပုံများကို ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)