ထိုင်းလွှတ်တော်က COVID-19  ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရန် ရေကစားပွဲတော်ရုံးပိတ်ကို ရွှေ့ဆိုင်းပြီး ကျောင်းတွေပိတ်ထားမယ့် အစီစဉ်ကို  အတည်ပြု

၁၇ မတ်

 

ထိုင်းလွှတ်တော်က COVID-19  ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရန် ရေကစားပွဲတော်ရုံးပိတ်ရက်ကို ရွှေ့ဆိုင်းပြီး ကျောင်းတွေပိတ်ထားမယ့် အစီစဉ်ကို  ဒီနေ့(အင်္ဂါနေ့) မှာ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

 

ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း ကျရောက်မယ့် ရေကစားပွဲတော်ရဲ့ ရုံးပိတ်ရက်ကို ရက်ရွှေ့ဆိုင်းလိုက်ပြီးနောက် ကျောင်းတွေ၊ ဘားတွေ၊ ရုပ်ရှင်ရုံတွေ၊ ကြက်တိုက်ပွဲတွေနဲ့ တခြားဖျော်ဖြေရေးပါ ပိတ်ထားမယ်ဆိုတာကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

 

ဖျော်ဖြေရေးတွေပိတ်ရန် ဆုံးဖြတ်ချက်ဟာ သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးအပေါ်မှာ မူတည်ကြောင်း သိရပါတယ်။

 

ကျောင်းတွေနဲ့ တက္ကသိုလ်တွေက မနက်ဖြန်မှစပြီး သီတင်းနှစ်ပတ်ပိတ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီနေ့အစောပိုင်းက ပြောပါတယ်။

 

ပိတ်ပင်မယ့်နေရာတွေထဲမှာ ဘားတွေ၊ ကြက်ပွဲတွေ၊ ထိုင်းလက်ဝှေ့ပွဲတွေနဲ့ ကလပ်တွေအပါဝင်ဖြစ်ပြီး ကျောင်းတွေ၊ အားကစားပွဲတွေပါ ပါဝင်ကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP