ထီးလင်းမြို့နယ်တွင် မြေပဲများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ထီးလင်း    ၂၈  စက်တင်ဘာ    

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲများကို မိုးမြေပဲ နှင့် ဆောင်းမြေပဲဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလျက်ရှိရာ ယခုအခါ အောင်မြင် ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

 

mdn

 

ထီးလင်းမြို့နယ်တွင် မိုးမြေပဲကို မေလ ၁၅ ရက်မှ ဇွန်လတွင် လည်းကောင်း၊ ဆောင်းမြေပဲကို စက်တင်ဘာလ ၁၅ ရက်မှ အောက်တိုဘာလတွင် လည်းကောင်း စိုက်ပျိုးလျက်ရှိကြပြီး  ဆင်းပဒေသာ (၁၁)မြေပဲမျိုးကို အများဆုံး စိုက်ပျိုးကြကာ အထွက်နှုန်း ကောင်းပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသော မကွေး(၁၆) မြေပဲမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ဆင်းပဒေသာ (၁၁)မြေပဲမျိုးမှာ တစ်ဧကလျှင်အထွက်နှုန်း တင်း(၇၀) နှင့် မကွေး(၁၆) မြေပဲမျိုးမှာ တစ်ဧကလျှင် အထွက်နှုန်း တင်း (၈၀)ခန့် ထွက်ရှိကြောင်း၊ မြေပဲ စိုက်ပျိုးရာတွင် မိုးရွာသွန်းပြီး အစိုဓာတ် လုံလောက်စွာရရှိသည့်အချိန်တွင် စတင် စိုက်ပျိုးရကြောင်း နှင့် ထီးလင်းမြို့နယ်တွင် မြေပဲ စုစုပေါင်း စိုက်ဧက ၃၂၃၇ ဧက ရှိကြောင်း မြို့နယ် စိုက်ပျိုးဦးစီးဌာနမှ သိရှိရသည်။

 

အောင်စည်(ပြန်/ဆက်)