ထီးချိုင့်၊ မိုးကုတ်၊ မိုင်းရယ်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ မေ

 

ကမ်းနီရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၀ ရက် ည ၁၀ နာရီက ထီးချိုင့်မြို့နယ်၊ ချိတ်သင်ကျေးရွာလမ်းဆုံ၊ မန္တလေး-ဗန်းမော်သွား ကားလမ်းတွင် မနောမောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် သိန်း ၁၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ မေ ၂၁ ရက် ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအနီးရှိ လယ်ကြီးပူးပေါင်းစစ်ဆေးရေး စခန်းတွင် စိုင်းဆိမောင်းနှင်ပြီး စိုင်းဝမ်းလှိုင် လိုက်ပါလာသည့် WISH အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ထိုအတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲက မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၂)နေ လုံးပီး၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူဇနီးဖြစ်သူ မခမ်းညိုအား တွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ကိုလည်းကောင်း၊ ထို့အတူ ညနေ ၄ ခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် AD-VAN အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ မျိုးသန့်အောင်(ခ)ဖိုးလုံးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၆၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား