ထားဝယ်မြို့နယ်အတွင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ထားဝယ်   ၇    ဧပြီ   

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံးနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက် နာ  ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊  လက်သန့် ဆေးရည် အသုံးပြုပေးခြင်းတို့ကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့သည်။

 

628

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်း များပါဝင်၍ ထားဝယ်မြို့နယ်အတွင်းရှိ ထားဝယ်လေဆိပ်၊  စည်ပင်သာယာဈေး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိ တဂေဟာများ၊ ထားဝယ်အဝေးပြေးကားဂိတ်များတွင် လက်သန့်ဆေးရည် အသုံးပြုပေးခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ပေးသကဲ့သို့ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်းများအား သရုပ်ပြ ဆွေးနွေးပညာပေးခြင်း၊ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ ကနှိုးဆော်ပေးသည့် အသိပညာ ပေးနှိုးဆော်ချက်များ၊ ပြည်သူ့ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကို နံရံကပ်ပြဘုတ်များ ခင်းကျင်း ပြသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခြင်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊  အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ထမ်းများဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

267

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင် ပါဝင်ကူညီ   ဆောင်ရွက်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်(၈၀ဝ၀)စောင်နှင့် လက်သန့်ဆေးရည် ၅ လီတာဆံ့    (၁၆)ပုံး တို့ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ လှူဒါန်းထားထား ကြောင်းနှင့်  ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် နေ့စဉ် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်း တို့ကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီးပြန်/ဆက်

 

358