ထားဝယ်မြို့၊ အမြှားကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ဆန်ရိက္ခာများ တစ်လစာထောက်ပံ့ပေးအပ်

ထားဝယ်၊  ၂၃   ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့နယ်တွင် ဆန်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ၊မေတ္တာမြို့၊ အမြှားကျေးရွာအုပ်စုရှိ အင်းတပုံကျေးရွာ၊  မင်းငို့ကျေးရွာ၊ထောမင်းဖြိုးကျေးရွာ နှင့် ထောမ ကျေးရွာများသို့ ဇန်နဝါရီ ၂၂ ရက်နေ့နံနက်ပိုင်း က တိုင်းဒေသကြီး အစိုးရအဖွဲ့၀င် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများ က ဆန်ရိက္ခာများ တစ်လစာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောလုကာ ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ဝင်းစန္ဒာကြည်နှင့် တာဝန်ရှိသူများက အင်းတပုံကျေးရွာ ၊ မင်းငို့ကျေးရွာ ၊ ထောမင်းဖြိုးကျေးရွာနှင့် ထောမကျေးရွာရှိ အိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ ၇၁၀ တို့အတွက် ထောက်ပံ့ငွေကျပ် (၆၃.) သိန်းတန်ဖိုးရှိ ဆန်ရိက္ခာ တစ်လစာ အိတ်ပေါင်း ၇၁၀ အိတ်နှင့် Hygiene kit ပုံး(၅၀) တို့ကို ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများ က ကျေးရွာနေ ပြည်သူများအား နှာခေါင်စည်း Mask နှင့် သဘာ၀ ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)

 

140231113_434905530979332_5210624890513194846_n