ကသာမြို့ ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဗျူးပွိုင့်အနီး၊ ဦးအေးကြိုင်လှေဆိပ်၊ ရေစပ်နှင့်ပေ(၂၀)ခန့်အကွာ ဧရာဝတီမြစ်အတွင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေသည်ကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က တာဝန်ရှိသူများ သွားရောက်စစ်ဆေး‌ေခဲ့သည်။
ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ Facility Quarantine စင်တာသို့လာရောက် ခြိမ်းခြောက်သူနှင့် စင်တာမှထွက်ပြေးသူများအား အရေးယူ
ကော့သောင်းခရိုင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ၊ အထကကျောင်း Facility Quarantine စင်တာသို့ လာရောက်ခြိမ်းခြောက်သူတစ်ဦးနှင့် Quarantine စင်တာမှထွက်ပြေးသူ (၄)ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း ဧပြီ ၁၆ ရက်နေ့က သိရသည်။
တောင်ကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ဘန်ကွဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်း ကားလမ်းတွင် သူရိန်စိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို
အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် လူစုလူဝေးဖြင့် ဆုတောင်းပွဲပြုလုပ်သူများအား အရေးယူထား
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်နေ စောကွယ်ဝါး (၄၄)နှစ်နှင့် စောရေးဂန်ဒီး (၃၃)နှစ်တို့ နှစ်ဦးသည် မတ်လ ၂၂ ရက်တွင် လူစုလူဝေးဖြင့် ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အရေးယူပေးပါရန် တိုင်တန်းချက်အရ
ဖားကန့်နှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာ၊ ကွက်သစ်(B)နေ မရွယ်အောင်(ခ) ခင်ချစ်ချစ်ခိုင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။
မူဆယ်မြို့ရှိ MPT ဝန်ဆောင်မှုရုံး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

နေရပ်ပြန်များ ခိုးသယ်သည့် ကူးတို့လှေသမားများအား စောင့်ကြပ်ကြည့်ရှုခြင်းကာလအပြီး  ဉပဒေအရ အရေးယူသွားမည်