ပခုက္ကူမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်း လှူဒါန်း

ပခုက္ကူမြို့နယ် Pact Global Microfinance Fund မှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ဇန်နဝါရီ ၂၉ရက် နံနက် ၁၀နာရီက ပခုက္ကူမြို့၊ ကိုဗစ်-၁၉ အထောက်အကူပြုလုပ်ငန်းကော်မတီထံ ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်းသည်။ 
မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး လျက်ရှိရာ  ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မူဆယ်ခရိုင် ပြည်သူ့ဆေးရုံမှ သိရသည်။
အမြို့မြို့အနယ်နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား  COVISHIELD ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေ
ပန်းတနော်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်၍ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌  ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အက်စ်ထရာဇနီကာ ကာကွယ်ဆေးကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်ရန်ပြင်ဆင်

တိုကျို ၂၉ ဇန်နဝါရီ

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၅၀ တွေ့ရှိ
(၂၇-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၆,၃၇၈)ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၅၀ တွေ့ရှိရပါသည်။ 
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၃-၃-၂၀၂၀) ရက်နေ့မှ (၂၇-၁-၂၀၂၁) ရက်နေ့အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၁၃၈,၈၀၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။