ဘုတလင်မြို့၌ သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် သီတင်းကျွတ် ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများ ရောင်းချမှု မရှိစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဘုတလင်မြို့ပေါ်ရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရ
ရှေးဟောင်း မွေတော်ကက္ကူဘုရား၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုရှိ ရှေးဟောင်း မွေတော်ကက္ကူဘုရားသို့ ယနေ့တွင် အပန်းဖြေခရီးထွက်သူများ၊ မိသားစု နေရပ်ပြန်သူများ၊ သီတင်းကျွတ်လပြည့်နေ့ ဘုရားသွား ကျောင်းတက်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ
မိုင်းဖြတ်မြို့ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး၌ ဆီမီးတစ်ထောင် ကပ်လှူပူဇော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီက  မြို့တွင်းသို့ ဆီမီးတစ်ထောင် လှည့်လည်ခြင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်ကြီး၌ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ခဲ့ကြောင်း သိရ
 (၁၁၂)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ သံဃဒါန အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့တွင် (၁၁၂)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ သံဃဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၄ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရ
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မယ်စဲ့မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကန်တော့
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက မယ်စဲ့မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့
ဆောမြို့ ပြည်လုံးချမ်းသာ မြို့နာမ်ဘုရားကြီးတွင် ဆီမီးတစ်ထောင်  ထွန်းညှိပူဇော်သူများဖြင့် စည်ကား
မကွေးတိုင်းဒေသကြီး၊ ဆောမြို့ သီရိရပ်ကွက် သီရိဉတ္တရာ ရာမကျောင်းတိုက်အနီးရှိ ပြည်လုံးချမ်းသာ မြို့နာမ်ဘုရားကြီးတွင် ယမန်နေ့ ညပိုင်းက ဆီမီးထွန်းညှိ ပူဇော်သူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ
ပြင်ဦးလွင်မြို့၌ (၅၉) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းတော်ကြီး လောင်းလှူပူဇော်ပွဲကျင်းပ
ပြင်ဦးလွင်မြို့  ရပ်ကွက်ကြီး(၅)၊  ပြည်တော်သာဓမ္မာရုံ၌ ယနေ့ နံနက် ၇ နာရီက သီတင်းကျွတ် လပြည့် (အဘိဓမ္မာ အခါတော်)နေ့တွင် (၅၉) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်း လှူပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့