မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မီးသတ်ယာဉ်များပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော မီးသတ်ယာဉ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်မီးသတ် ဦးစီးဌာနရုံးဝင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ တက်ရောက်ကြ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထောက်ရှာပင်/ကမ်းနီရေနံမြေနှင့် ထိစပ်ကျေးရွာများ၌ ဆောင်ရွက်ပြီးစီးခဲ့သည့် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (Corporate Social Responsibility) (CSR) အစီအစဉ်ဖြင့် ထောက်ရှာပင်/ ကမ်းနီရေနံမြေနှင့် ထိစပ်ကျေးရွာများ၌ ဆောင်ရွက်ပြီးစီးခဲ့သည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုအထောက်အကူပြုကဏ္ဍနှင့် အခြား ကဏ္ဍတို့မှ လုပ်ငန်းများအား သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ထောက်ရှာပင်/ ကမ်းနီရေနံမြေ၊ ရွှေရောင်တော် အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရ
တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိဘဲ တုပထုတ်လုပ်ထားသော တိုင်းရင်းဆေးဝါး ဖြစ်ကြောင်း အသိပေးနှိုးဆော်
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ရွှင်လန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် ရွှင်လန်း (အဆစ်အမျက် အကိုက်အခဲသောက်ဆေး ဆေးမှုန့်)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင် ထားခြင်းမရှိဘဲ တုပထုတ်လုပ်ထားသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသိပေးနှိုးဆော်ထား
ကလေးစာပေပွဲတော်(ဇလွန်) ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်ခွင့်ရရှိသော သင်တန်းသား/ သင်တန်းသူများနှင့် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ
ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက်လေ့လာကြည့်ရှုသူများပြား
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အ.ထ.က (၁) ကျောင်း၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် စာအုပ်စာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ရာ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက်လေ့လာသူ များပြားလျက်ရှိကြောင်း သိရ
ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်အတွက် ချေးငွေကျပ်သိန်းသုံးထောင်ကို အချိန်မီ ထုတ်ချေးပေးလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးရွာများမှ စိုက်ပျိုးသူတောင်သူများအား ၂၀၁၉ ခုနှစ်အတွက် ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ထုတ်ချေး ပေးလျက်ရှိကြောင်းသိ ရ