မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းသို့ ကွင်းဆင်း ကြည့်ရှု
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်နှင့် ပြည်သူလူထု၏ ပူးပေါင်းအင်အားဖြင့် ပထမအကြိမ်အဖြစ် ကျင်းပမည့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံလမ်းရှိ မကွေး FC ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းသို့ ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရ