ရခိုင်ပြည်နယ်မှ Facility Quarantine ဝင်နေသော ပြည်သူများ၏ စားနပ်ရိက္ခာအတွက် ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း ၃ဝဝ ထပ်မံလှူဒါန်း
ကမ္ဘောဇဘဏ်သည် ရခိုင်ပြည်နယ်အတွင်းရှိ Facility Quarantine ဝင်နေသော စောင့်ကြည်လူနာများ၏ စားနပ်ရိက္ခာအတွက် ငွေကျပ်သိန်း ၃ဝဝကို ဧပြီ ၂၈ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ သွားရောက်လှုဒါန်းခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ လက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ

(၂၉-၄-၂၀၂၀ ရက် ည (၈) နာရီ)

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် စက်ရုံ၊ အလုပ်ရုံများမှ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ မရှိ ကွင်းဆင်းစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းသား ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလတွင် အသင်းသား ဝန်ထမ်း(၁၉၃)ဦးအား ထောက်ပံ့စ္စည်းများပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quaranatine ၂၁ ရက် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quaranatine ၂၁ ရက် စောင့်ကြည့်နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။